အလွမ်းခရီးသည်ဘလော့ဆိုဒ်လေးမှကြိုဆိုပါတယ် လာလယ်တဲ့စာပေချစ်သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ် facebook link လေးကတော့ http://www.facebook.com/alwankhayeetal ပါ အလွမ်းခရီးသည်များနားခိုရာအဖွဲ့ ကိုလာလယ်ချင်ရင်တော့ https://www.facebook.com/groups/alwankhayeetalnarkoyar/ပါခင်ဗျာ
http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

MSN Icon Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

★♥အလွမ်းခရီးသည်မှ| | |စာပေချစ်သူများကို| | |နွေထွေးစွာကြိုဆိုပါတယ်★♥

"အလွမ်းခရီးသည်"

Facebook စာမျက်နှာသို့ လာလယ်ရန်

"အလွမ်းခရီးသည်များနားခိုရာ"

အဖွဲ့ သို့ လာလယ်ရန်

Saturday, August 18, 2012

လက်မထပ်သင့်သောမိန်းမများ

၁။ ဟစ်ဟော့ ဂီတ ဒို့ဘ၀ဆိုတဲ့ မိန်းမ။ ၂။ ဂစ်တာကိုတီး သီချင်းအာပြဲဟစ်တဲ့ မိန်းမ။ ၃။ ဘီယာဆိုကြိုက် ရော့ကာဂိုက်နဲ့မိန်းမ။ ၄။ လက်သည်းဆေးမှုတ် အီမိုလုပ်တဲ့ မိန်းမ။ ၅။ ဆံပင်ဂျိုထောင် ပန့်ယောင်ယောင်နဲ့ မိန်းမ။ ၆။ ပါးစပ်သာသန့် အင်မတန် ညစ်ပတ်တဲ့ မိန်းမ။ ၇။ ပေါ်ပင်နောက်လိုက် ကိုရီးယားဂိုက်နဲ့ မိန်းမ။ ၈။ ခေတ်အလိုက်စတိုင်ပြောင်း ဗိုက်ဟောင်းလောင်းနဲ့မိန်းမ။ ၉။ ဆံပင်ကြောင်ကြား နားပေါက်များတဲ့ မိန်းမ။ ၁၀။ ဘောင်းဘီကြပ်ထုတ် တင်ပါးပြုတ်တဲ့ မိန်းမ။ ၁၁။ ချစ်သူရှိငြား အရံထားတဲ့ မိန်းမ။ ၁၂။ ရည်းစားရှိလျှက် ကလပ်တက်တဲ့ မိန်းမ။ ၁၃။ ခေါ်သွား ပလာဇာ အလွန်ပူဆာတဲ့ မိန်းမ။ ၁၄။ နေ့တိုင်းချိန်းချက် တည်းခိုခန်းတက်တဲ့ မိန်းမ။ ၁၅။ သောက်စားမူးယစ် လောင်းကစားချစ်တဲ့ မိန်းမ။ ၁၆။ အိမ်ပြန်ညနက် လေးဖက်ယက်တက်တဲ့ မိန်းမ။ ၁၇။ ညနေလေတက် ပုလင်းဖက်တဲ့ မိန်းမ။ ၁၈။ သံကြောင်ကွဲကွဲ မိုက်ကိုခဲတဲ့ မိန်းမ။ ၁၉။ ၀တ်စား စတိုင်ကြီး ပိုက်ဆံချေးတဲ့ မိန်းမ။ ၂၀။ ဖုန်းခွံခါးချိတ် အထာပစ်တဲ့ မိန်းမ။ ၂၁။ မျက်စိကြောင်တောင် မျက်နှာပြောင်နဲ့ မိန်းမ။ ၂၂။ အစားအသောက် အအိပ်မက် သွားရည်စက်လက်နဲ့မိန်းမ။ ၂၃။ စကားပြောကပ် ပစိပစပ်များတဲ့ မိန်းမ။ ၂၄။ ရုပ်ပြချူစား မာယာများတဲ့ မိန်းမ။ ၂၅။ ပုလင်းဖင်တပ် ကဗျာစပ်တဲ့ မိန်းမ။ ၂၆။ လူတကာပုတ်ခတ် ဇီဇာကြောင်တဲ့ မိန်းမ။ ၂၇။ ချစ်တုန်း ကြိုက်တုန်း ကင်မရာသုံးတဲ့ မိန်းမ။ ၂၈။ အလုပ်မရေမရာ အွန်လိုင်းကို သာယာတဲ့ မိန်းမ။ ၂၉။ အသည်းကွဲဆွေး ဘလော့ရေးတဲ့ မိန်းမ။ ၃၀။ ရူပါစုတ်ပြတ် မျက်မှန်တပ်တဲ့ မိန်းမ။ ၃၁။ အားနေဈေးထွက် အလှမက်တဲ့မိန်းမ။ ၃၂။ ညဖက်ပါတီတက် စကတ်တိုတို ၀တ်တဲ့ မိန်းမ။ ၃၃။ ဘဲတွေရုန်းရုန်း မြင်သမျှ လုံးတတ်တဲ့ မိန်းမ။ ၃၄။ မြည်တွံ တောက်တီး အသံကြီးပြဲတဲ့ မိန်းမ။ ၃၅။ ရည်းစားနဲ့အပြင်သွား ပိုက်ဆံထားခဲ့တဲ့ မိန်းမ။ ၃၆။ ကြွေးလည်ပင်းခိုက် လောင်းကစားကြိုက်တဲ့ မိန်းမ။ ၃၇။ မျက်နှာဖြူဖွေး ဂုတ်မှာပွေးထူတဲ့ မိန်းမ။ ၃၈။ အလုပ်နေ့စား ရှိုးပွဲသွားတဲ့ မိန်းမ။ ၃၉။ ဖုန်းဆက် မစ်(စ်)ကော ပိုက်ဆံနှမျှောတဲ့ မိန်းမ။ ၄၀။ အိမ်မှာ ကုတ်ကုတ် အပြင်မှာ ရှုပ်တဲ့ မိန်းမ။ ၄၁။ တစ်လုံးပွဲမက် အအိပ်ပျက်တဲ့ မိန်းမ။ ၄၂။ ပြောတိုင်းသူသိ လူတကာနဲ့ငြိဖူးတဲ့ မိန်းမ။ ၄၃။ အိမ်တကာလှည့်ပတ် အတင်းဖြန့်တဲ့ မိန်းမ။ ၄၄။ မျက်ရည် စမ်းစမ်း နှုတ်သရမ်းတဲ့ မိန်းမ။ ၄၅။ ဆရာကြီးဂိုက်စား ငွေသုံးများသော မိန်းမ။ ၄၆။ အူတူအတ နုံအအနဲ့ မိန်းမ။ ၄၇။ မျက်နှာက မချိုမချည် ချွဲပြစ်လွန်သော မိန်းမ။ ၄၈။ ဝေလေလေများ အသက်(၂၅)ကျော်တဲ့ မိန်းမ။ ၄၉။ ခန့်ညားတည်တံ့ မျက်နှာကြောစန့်တဲ့ မိန်းမ။ ၅၀။ လူကြီးအယောင်ဆောင် မျက်နှာပြောင်တဲ့ မိန်းမ။ ၅၁။ လူတကာနဲ့ သီချင်းဆို မှောင်ရိပ်ခိုတဲ့ မိန်းမ။ အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်တဲ့ မိန်းမတွေ

မေတ္တာသံယောဇဉ်

ဘယ်လောက်ပဲ ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းဖြစ်ဖြစ် တစ်ယောက်တစ်နေရာစီဝေးသွားတဲ့အခါ သံယောဇဉ် တဖြေးဖြေးပါးလာတတ်တယ် နှစ်ယောက်သား စိတ်ပြောင်းသွားတာမဟုတ်ဘူး တစ်ယောက်ကိုတစ်ယောက် မခင်မင်၊ မရင်းနှီးတော့တာလည်း မဟုတ်ဘူး အနေဝေးလို့ စိတ်ခံစားချက်ကို အတူမမျှဝေနိုင်တော့လို့ဖြစ်တယ်။ ဝေးကွာလွန်းလို့ "နေကောင်းလား! အဆင်ပြေလား!"ဆိုတဲ့ နှုတ်ဆက်စကားပဲ ပြောနိုင်ခဲ့တယ်။ ဒါလည်း ကောင်းပါတယ်... အနည်းဆုံးတော့ တစ်ယောက်ကိုတစ်ယောက် ငါတို့ မမေ့ခဲ့ကြသေးပါဘူး။ . ကြီးပြင်းရာလမ်းတလျောက်မှာ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်က ဘဝရဲ့မြေသြဇာပါ... ဘဝတစ်ခု ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းရှင်သန်ဖို့ ဒီမြေသြဇာတွေက မရှိမဖြစ်လိုအပ်ပါတယ်

သူငယ်ချင်း မင်း ဘ၀အတွက် စကားလေးတစ်ခွန်း လက်ဆောင်ပါ ♥♥.

သူငယ်ချင်းတွေနဲ့အတူရှိနေချိန် ဟာ အိပ်မက်တစ်ခုဆိုရင် ... ... ငါဘယ်တော့မှ နိုးထဖို့မကြိုးစားတော့ဘူး သူငယ်ချင်း..........မင်းအားငယ် နေလား.......... အားတင်းထားပါ.. ဆုံးရှုံးမှုဆိုတဲ့နတ်ဆိုးကို မင်းမျိုးဖြုတ်ပစ်နိုင်ပါတယ် ။ ++++++++++++++++++++++++++++++ ++++++++ သူငယ်ချင်း..........အရမ်းဝမ်း နည်းနေလား...... မင်းမျက်ရည်တွေသုတ်ပစ်လိုက် သူတို့ကမင်းရဲ့စိတ်ဓါတ်ကို ပျော့ညံ့ညံ့ ဖြစ်စေတယ်။ ++++++++++++++++++++++++++++++ ++++++++ သူငယ်ချင်း..........စိတ်ပျက်နေပြီလား.......... ကိုယ့်ဘ၀ကိုယ် အမှန်အတိုင်းကြည့် မင်းမြင်ရတဲ့ အရာကို လှေကားထစ်လို နင်းတက်စမ်းပါ။ ++++++++++++++++++++++++++++++ ++++++++ သူငယ်ချင်း..........ရင်ဖွင့်ချ င်လား........ မျိုသိပ်မထားပါနဲ့ အဲဒါကိုအစကနေ စပြော ငါတို့..နားထောင်နေတယ်။ ++++++++++++++++++++++++++++++ ++++++++ သူငယ်ချင်း..........အသည်း ကွဲ နေလား..... ဒါဆို...မင်းကံကောင်းပြီ အဲဒီ့တစ်ယောက် က မင်းအချစ်နဲ့ မတန်သေးဘူး။ ++++++++++++++++++++++++++++++ ++++++++ သူငယ်ချင်း..........အထီးကျန်ေ နလား.......... တစ်ယောက်တည်း မနေနဲ့ ငါတို့နဲ့ အတူ ခံစားမှုဆိုတဲ့ ..စနက်တံကိုမီးဝိုင်း ရှို့မယ်။ ++++++++++++++++++++++++++++++ ++++++++ သူငယ်ချင်း..........မင်းကို သူတို့ အထင်သေးနေလား.... ဒေါသမဖြစ်နဲ့ မင်းရဲ့ မြှုပ်နေတဲ့အရည်အသွေးတွေ သူတို့ မြင်နိုင်စွမ်းမရှိသေးလို့ပါ။ ++++++++++++++++++++++++++++++ ++++++++ သူငယ်ချင်း..........မင်း..... ပန်းတိုင်ရောက်ပြီလား....... တက်.....မထောင်နဲ့ဦး ငါနောက် လှေ ကြည့်လိုက်ဦးမယ်။ ++++++++++++++++++++++++++++++ ++++++++ သူငယ်ချင်း..........မင်းဘ၀အော င်မြင်ပြီလား....... ဂုဏ်ယူပါတယ် မင်းရဲ့နောက်မှာ(မင်းရဲ့ရှေ့မှာ ) မင်းသူငယ်ချင်းတွေ....လက်ခုပ်တီးနေကြတယ်..................... ++++++++++++++++++++++++++++++++++++++ သူငယ်ချင်း ... မင်းဘ၀မှာ တစ်ခါမှ မရဘူးတဲ့ အရာကို လိုချင်ရင် တယ်ဆိုရင် ... မင်းတစ်ခါမှ မလုပ်ဘူးတဲ့ အလုပ်မျိုးကို လုပ်ဖို့ လိုလိမ့်မယ်...။ ဘ၀ရဲ့ ခေါ်ရာကို မလိုက်နဲ့ ... မင်းသွားချင်တဲ့ ဆီ ဘ၀ကို ခေါ်သွား .... ။ ရှင်သန်နေထိုင်ဖို့ အတွက် မင်းဖွေးလာတာ မွေးဖွားလာလို့ ရှင်သန်နေရတာ မဟုတ်ဘူး .... ။ လူဆိုတာ မွေးတစ်နေ့ သေတစ်နေ့ပဲ . ဘာမှ လွမ်းဆွေး တမ်းတ နေဖို့ မလိုဘူးလေ ... ရှေ့ကို ဆက်ပြီးလျှောက်ပါ သူငယ်ချင်း ... နေမ၀င်သရွေ့ ဘ၀ ကို ဘယ်တော့မှ အရှုံးမပေးနဲ့ သူငယ်ချင်းရေ ...... မင်းအတွက် လိုအပ်လာတဲ့ အခါ လှမ်းခေါ်လိုက်ပါ ... အဖော်မွန်ကောင်းဆိုတာ ဘ၀မှာ မရှိမဖြစ်ပါ ....

အချစ်ဖျော်ရည်

- ဇီးသောက်ပြီးအီးပေါက်တယ်တယ်လို့တော့မထင်ပါနဲ့..။ - သံဗူးလိုဂန်ဒူးမဟုတ်လို့ မင်းကိုချစ်တယ်ပြောပရစေ..။ - ကိုလာတစ်ပုလင်းလို့ငါ့ဘ၀မှာလိုတာမင်းပါအချစ်ရယ်..။ - သစ်ခွလိုအချစ်ကစိမ်းကားရင်တောင်မှ - ဘာလီလိုရာသီတွေကိုစာစီပြမယ့်သူပါ..။ - လိုက်ချီးလို တိုက်ကြီးပေါ်မှာထားပါ့မယ်..မင်းအတွက်ဆို - လိမ္မော်ရည်လိုတိမ်ပေါ်တွေထိတက်မယ့်သူပါ..။ - ကျောက်ကျောရည်လို လျှေက်ပြောနေတာမဟုတ်ဘူးနော်..။ - ဖာလူဒါလိုရာကူဇာတွေတောင်မှကိုယ့်အောက်ကထွက်သွားတာမင်းအသိပါ..။ - ကလင်ဆော်ဒါလိုအမြင်မတော်တာလေးတွေရှိရင်ပြောပေါ့..။ - နို့ အေးတစ်ခွက်လို ကိုယ့်နဘေးတစ်ချက်မှာရည်းစားတွေက - စပါကလင်လိုရာဇ၀င်မှာတစ်ဒါဇင်လောက်ရှိခဲ့ဖူးတယ်..ဒါပေမဲ့ - ဆနဒးကစ်လိုအရမ်းချစ်ဖို့ ကောင်းတဲ့မင်းကိုတွေ့ မှ - ကုတ်တစ်ဗူးလိုကိုယ်အသဲငုတ်စူးခဲ့ရတာတော့အမှန်ပါကွယ်..။ - သံပရာသီးလိုကြံရှာပြီးမပြောတော့ပါဘူး..မင်းမချစ်ရင် - ဇီးကြံလို အီးမှန်ပြီးအထီးကျန်နေရပါလိမ့် မယ်..။ - ဒီစာဖတ်လို့ စိတ်ဆိုးသွားလား? 'ဒါဆို - အုန်းရေလိုအမုန်းပြေပြီးအပြုံးတွေပေးပါတော့စုန်းကဝေရယ် -

Saturday, August 11, 2012

အရမ်းချစ်ရသေးသူငယ်ချင်းမလေး

“ဟို...အရင်ကတည်းက ချစ်ခဲ့တာပါ....”
ဒါပေမဲ့ ငါပြောမထွက်ခဲ့ဘူး....
အခုပြောထွက်တော့မဲ့အချိန်မှာ
နင်ဟာ တခြားတယောက်နဲ့ပါလား..သူငယ်ချင်းရယ်...”
...ကျနောဘ၀မှာ..အချစ်ကြောင်းရေးတဲ့ ကဗျာတွေကိုယ် စရေးတက်
တဲ့အချိန်ကတည်းက တိတ်တခိုးနဲ့ ချစ်ခဲ့ရတဲ့ သူငယ်ချင်းမလေး
တယောက်ရှိဖူးခဲ့ပါတယ်...အချစ်ဦးသူလေးဆိုတော့ ရူးရူးမူးမူးပါပဲဗျာ
ဒါပေမဲ့ ကျနော သူ့အပေါ်တခြားစကားတွေသာဖောင်းဖွဲ့အောင်ပြောနေ
ပေမဲ့..“နင့်ကိုယ်ငါအရမ်းချစ်တယ်”ဆိုတဲ့စကားကိုယ် ကျနောပါးစပ်က
ထွက်ကျမလာခဲ့ဘူး...ကျနော ဖွင့်ပြောလိုက်ရင်သူမုန်းသွားမှာ ကြောက်
လို့ပါ.....
“သူမကိုယ် ကျနောချစ်တာဟာ ရုပ်ဒြပ်ဖွဲ့စည်းသက်သက်ကိုယ်
ချစ်ခဲ့တာ မဟုတ်ပါဘူး..သူမ ရူရိုက်ရာလေညင်းကိုယ်လဲ ချစ်တယ်
သူမ နင်းလျှောက်ရာ မြေကြီးကိုယ်လည်း ချစ်တယ်....
သူမ အတွက်ဆို အရာရာ စတေးရဲသူပါ...
မချစ်ရင် ခိုးမကြည့်ပါဘူး...သူငယ်ချင်းရယ်...”
ကျောင်းတွေ ပြီးလို့ အလုပ်ကိုယ်စီဝင်ရတဲ့ အချိန်မှာ သူမက ကုမ္မဏီ ၀န်ထမ်း
တယောက်ဖြစ်သွားခဲပပါတယ်...ကျနောနဲ့ ကွဲသွားခဲ့ပါတယ်...
ကိုယ်အလုပ်နဲ့ကိုယ် မေ့မေ့ပျောက်ပျောက်ဖြစ်နေချိန်မှာ တနေ့ကျနော
လုံးဝမထင်ထားတဲ့ သတင်းတခု ကြားလိုက်ရပါတယ်..သူမှာ
ချစ်သူရှိနေပြီတဲ့...ကျနော ပါးပြင်မှ ပူနွေးနွေးအရာတွေ
စီးကျလာခဲ့တယ်..ယုံကြည်အားကိုးမိသူကိုယ်အလဲထိုးရက်တယ်လို့ငါ
မပြောချင်တော့ပါဘူး...“အော်..နင့်အတွက် ငါမျက်ရည်တွေကျတက်
နေပြီ..သူငယ်ချင်းရေ”....
သူကျနော့ကိုယ် သူချစ်သူနဲ့ မိတ်ဆက်ပေးပါတယ်..ရည်ရည်မွန်မွန်
လေးပါ...သူငယ်ချင်းမျက်နှာမှာ အပြုံးတွေ တွေ့နေရတယ်..ကျနော
ရင်ထဲက ဘယ်လောက်နာနာ သူပျော်နေတဲ့ မျက်နှာလေးကိုယ်ကြည့်
ပြီး..ကျလဲ ပျော်နေမိခဲ့တယ်...
“သူငယ်ချင်းရယ်..ငါရင်ကွဲခံပြီး နင့်အပေါ်ပေးဆပ်ခဲ့တာဟာ
ဘာမျှော်လင့်ချက်မှ မရှိပါဘူး..နင့်ကိုယ်ငါ အရမ်းချစ်လို့ပါ”....
တနေ့ ကောင်လေးက လာပြောတယ်..အကိုတဲ့ကျနောနဲ့ သူချစ်နေကြ
တာ သူ့အိမ်က သိသွားပြီးတဲ့ သူ့ကိုယ်အရမ်းတွေ့ချင်တယ်ဗျာ..
ဖြစ်နိုင်မယ်ဆိုရင်..ကျနောကိုယ် ချိန်းပေးပါလားတဲ့...အားးဆိုးလိုက်တဲ့
ကြမ္မာရယ်...ရင်ခွဲရုံမက..ဆားနဲ့ပါ လာပတ်နေသေးတယ်...ဟူးး
ကျနော ကိုယ်တိုင် သူ့မိဘတွေ ဆီကလိမ်ခေါ်ခဲ့ပြီး တွေ့ပေးခဲပါတယ်
သူငယ်ချင်းရယ်..နင်ပျော်ရင် ငါပျော်တယ်..နင်ဝမ်းနည်းနေရင်
ငါငိုချင်တယ်..နင်နဲ့ငါအတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုယ်ကြည့်
ပြီး အရူးတယောက်လို စကားတွေ တယောက်တည်းပြောနေခဲ့တာ နင်
မသိပါစေနဲ့တော့....
နင်ပျော်ရွှင်ပါစေ..အဆင်ပြေနိုင်ပါစေ...
အားလုံးကျေးဇူးတင်ပါတယ်နော..ကျနော ချစ်ရသော သူငယ်ချင်းမလေး တယောက်အတွက်ပါ......
“မဆုံနိုင်တော့ပြီးဆိုတဲ့ အသိစိတ်က
ရင်တွင်းအထိ လှိုက်စား ဒါဏ်ရာများနဲ့
အိပ်ပျက်ခဲ့ရတဲ့ ညတွေကလဲ များနေပါပြီ
သူငယ်ချင်းရယ်...
ဖြစ်နိုင်မယ်ဆိုရင်လေ ငါ့ရင်ထဲက နင့်ကိုယ်
အရမ်းချစ်တဲ့ အကြောင်းတွေကိုယ် နင်သိအောင်
ဖွင့်ပြောလိုက်ချင်ပေမဲ့ မတူညီတဲ့ဘ၀နှစ်ခုအကြား
နင် အိပ်ရေးမပျက်စေချင်တာ ငါ့စေတနာပါဟာ...
ဒါနဲ့ပဲ ငါ့သံယောဇဉ်ကိုယ် လောင်စာအဖြစ်အသုံးပြုရင်း
တရိပ်ရိပ်တောက်လောင် ရင်တစုံးလုံး မီးညွန့်တလူလူထလို့
သူငယ်ချင်းရယ်....
ဝေဒနာတွေကိုယ်မျိုသိပ့်အဖြူရောင် စည်းတဖတ်ကပဲဆုတောင်းတေပါတော့မယ်...
ဒီအကြောင်းတွေ နင်မသိပါစေနဲ့လို့ပေါ့.......

Tuesday, August 7, 2012

တစ်ချိန်က ချစ်ခဲ့ဖူးသူ

တစ်ချိန်က ချစ်ခဲ့ဖူးသူ

တစ်ခါတုန်းက နင်ဟာငါ့ရဲ့ချစ်သူဖြစ်ခဲ့ဖူးတယ်........
အခုတော့ ငါအရမ်းချစ်ခဲ့တဲ့နင်ကတစ်ခြားတစ်ယောက်ရဲ့ချစ်သူ
တစ်ခါတုန်းက ငါနင့်ကိုအရမ်းချစ်ခဲ့တယ်......
ငါအခုထိ နင့်ရဲ့စကားတစ်ခွန်းကို ကြားယောင်နေမိတယ်.......
ဘာတဲ့(မောင့်တစ်ယောက်ကိုပဲ တစ်သက်လုံး
ချစ်မယ်...အခုလည်းချစ်တယ်..နောက်လည်းချစ်မယ်..သက်ဆုံးတိုင်ချစ်သွားမယ်.)
နင်ကပါးစပ်ရှိလို့ပြောခဲ့တာလို့ ငါမထင်ခဲ့ဘူး.......
ယုံမိခဲ့တယ်....ငါအမှားတွေပါပဲ......ငါကနင့်ကိုမှာချစ်ခဲ့မိတာကို..........
နင်က ငါ့ရဲ့ အချစ်ဦး..နင်တစ်ယောက်ကိုပဲပထမဆုံး
ချစ်ခဲ့မိတယ်....နင်တစ်ယောက်ထဲကိုပဲ ချစ်ခဲ့တယ်..
ငါအရမ်းချစ်ခဲ့တဲ့ နင်ကငါမမျှော်လင့်ခဲ့တဲံအရာတွေကို လုပ်ခဲ့တယ်နော်..........
တစ်သက်တာဝေးခဲ့ပေမယ့် ငါနင့်ကိုတစ်ရက်မှမေ့လို့မရခဲ့ပါဘူး................
နင့်ကြောင့် ရှင်သန်ခဲ့တဲ့ ငါ့နှလုံးသားဟာ နင့်ကြောင့်ပဲ သေဆုံးခဲ့ရတယ်.........
အခုတော့နင်တစ်ယောက်အတွက်နဲ့တင် မိန်းကလေးတွေမြင်ရင်ငါကြောက်နေမိတယ်........
ငါက အချစ်ကိုတန်းဖိုးထားသူ နင်ကအချစ်ကိုဆော့ကစားသူ....
ငါကသစ္စာတရားကိုမြတ်နိုးသူ နင်ကသစ္စာတရားကိုစော်ကားသူ.....
၅နှစ်ဆိုတဲ့ငါတို့ရဲ့ချစ်သူသက်တမ်းကို ငါမရှိတဲ့ ၆လ
အတွင်းမှာနင်ဖျက်ဆီးခဲ့တယ်နော်...........
အခုတော့ တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာဆိုတာကိုငါ ယုံကြည်ခဲ့ပြီး.........
ဒါတွေဟာ ပြီးဆုံးခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပြီးပေါ့
တစ်ချိန်ကချစ်ခဲ့ရသူ........
အခုတော့ ငါ့မှာ နင်အရမ်းကြိုက်ခဲ့ စိုင်းစိုင်းခမ်းလှိုင် ရဲ့
*ဆာယိုးနားရား*နဲ့..........
နင်အရမ်းမုန်းခဲ့တဲ့ ရဲလေး ရဲ့ *မိုး*နဲ့သာအဖော်ပြုရင်း..............
************NEVER FORGET ME*************

Saturday, August 4, 2012

Gtalk ကို Online Friend alarm ပေးထားမယ်


Gtalk ကို Online Friend alarm ပေးထားမယ်
G talk ကိုအသုံးပြု့သူတိုင်း... သိထားသင့်တယ်ထင်လို့ပါ...
အချို့ကတော့သိပြီးပါပြီ....မသိတဲ့သူများအ အတွက်ရည်ရွယ်ပါတယ်....
သိတဲ့သူတွေကတော့မရီနဲ့ဗျာ......G talk မှာအွန်လိုင်းတက်လာသူတွေကို
g talk box ကိုဖွင့်မကြည့်ပဲ သိအောင်လုပ်လို့ရပါတယ်...
ဘယ် software ကိုထပ်ဖြည့်စရာမလိုပါဘူး....အရင်ဆုံး
g talk ကို sing in ဝင်လိုက်ပါ... ပြီးရင် setting ကိုသွားပါ....
setting ကိုဝင်ပြီးတာနဲ့ Notification ဆိုတဲ့ tab
ကလေးတစ်ခုရှိပါတယ်...အဲဒီ tab ကိုဖွင့်လိုက်ပါ Notification
ဆိုတဲ့ tab ထဲမှာ Friend Online ဆိုတဲ့ box ကလေးတစ်ခုရှိပါတယ်.
အဲဒီ box ထဲက show notification ဆိုတဲ့ စာသားရဲ့ရှေ့က
လေးထောင့်တုံးလေးကို အမှန်ချစ်ပေါ်အောင် click နှိပ်လိုက်ပါ...
ပြီးရင် Ok နဲ့ ထွက်လိုက်ပါ...သင့်ရဲ့သူငယ်ချင်းတွေအွန်လိုင်းပေါ်တက်လာတာနဲ့
destop screen ရဲ့ညာဘက်ထောင့်မှာ တက်လာသူရဲ့အမည်ကို ပြပါလိမ့်မယ်....
အဲဒီအခါကျရင် ဦးဦးဖျားဖျားလေး လှမ်းချွေလိုက်ပေါ့...ချွင်းချက် .....
busy အနေနဲ့..(အနီရောင်အတုန်းလေးနဲ့) အွန်လိုင်းပေါ်ကိုသင့်ရဲ
သူငယ်ချင်းတွေတက်လာ ရင်တော့ alarm အနေနဲ့လာပြမှာမဟုတ်ပါဘူး....
ကျွန်တော်သိသလောက် ပြန်လည်ဝေမျှပေးတာပါ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ ...

Thursday, August 2, 2012

(ခေါင်းစဉ်မဲ့  အလွမ်း)



     (ခေါင်းစဉ်မဲ့  အလွမ်း)

အိမ်မက်က လန့် နိုးတော့ နင်မရှိတော့တဲ့
အတွေးကရင်ထဲကိုပြေးဝင်လာသဉ်။
ဒါအိမ်မက်မဟုတ်ဘူး တကယ်အဖြစ်တစ်ခု…
အရာရာအားလုံးတိတ်ဆိတ်နေပေမဲ့
ရင်ခုန်သံကတော့ဆူညံခြင်းတွေနဲ့ 
သတိရခြင်းကိုအံတု လွမ်း​ဆွေးခြင်းကို
အောင်နိုင်ဖို့ ဆိုတာငါ့အတွက် အဆိပ်တစ်ခွက်ပါ။
ဖြစ်သမျှကိုအကုန်မေ့ ဖို့ ဆိုတာ..
ရင်ခွင်ထဲမှာအားမရှိတဲ့ဓာတ်ခဲလိုပဲ

နင်မရှိတော့ဘူးဆိုတာ ငါ့အတွက်

ဘယ်လို မှမယုံနိုင်ဘူး

သတိရပါတယ်ချစ်သူ….။

နင်က အဝေးကြီးကိုထွက်သွားတာလဲမဟုတ်

ငါ့အနီးမှာလဲမဟုတ်နဲ့ 

လူတွေရဲ့ လက်ကမ်းတစ်ဖက်မှာရှိတဲ့သေခြင်း

တရားလမ်းကိုပြေးထွက်သွားတာ

ရက်စက်တယ်ချစ်သူ………………
ငါလို့ ကောင်ကအမြဲမှားနေတက်တယ်

ဟုတ်တယ် အဲ့လိုမှားတဲ့အခါတိုင်း

ခွင့်လွှတ်နားလည်တက်တဲ့ချစ်သူ
မရှိတော့တာငါ့အတွက်ကျိန်စာတစ်ခု
မိထားသလိုပဲ……..
နင်ခွင့်မလွှတ်လိုက်ပါနဲ့   ချစ်သူ
နင်ဟာ ငါ့ရဲ့ အမြဲမှားတက်တဲ့ အပြစ်ကြောင့်
ဒီလို ဖြစ်ခဲ့ရတာပါ…….
နင်မရှိတော့တဲ့ဒီကမ္ဘာကြီးမှာ
ငါအသက်ရှင်နေပေမဲ့
ငါ့အချစ်တစ်ခုသေဆုံးခဲ့ပါပြီ…..
နောက်ထပ်ချစ်ခြင်းဆိုတာလဲ
နောင်ဘ၀မှာနင်နဲ့ ပြန်ဆုံမှ ပြန်လည်နိုးထလာလိမ်မယ်…

                        

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ