အလွမ်းခရီးသည်ဘလော့ဆိုဒ်လေးမှကြိုဆိုပါတယ် လာလယ်တဲ့စာပေချစ်သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ် facebook link လေးကတော့ http://www.facebook.com/alwankhayeetal ပါ အလွမ်းခရီးသည်များနားခိုရာအဖွဲ့ ကိုလာလယ်ချင်ရင်တော့ https://www.facebook.com/groups/alwankhayeetalnarkoyar/ပါခင်ဗျာ
http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif
MSN Icon Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon
http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif
★♥အလွမ်းခရီးသည်မှ| | |စာပေချစ်သူများကို| | |နွေထွေးစွာကြိုဆိုပါတယ်★♥
"အလွမ်းခရီးသည်"
Facebook စာမျက်နှာသို့ လာလယ်ရန်
"အလွမ်းခရီးသည်များနားခိုရာ"
အဖွဲ့ သို့ လာလယ်ရန်
Wednesday, July 31, 2013
မှတ်တိုင်
အတိတ်က ကောင်မလေးရေ..
မင်းနဲ့ လမ်းခွဲပြီးနောက်
ငါ့ခံစားချက်ကို လူတွေကငါ့နောက်ကွယ်ကနေ
ငါ့ကိုလှောင်ကြတယ်
သူဟာ……. ရွက်မဲ့သစ်ပင်တဲ့
သူဟာ……. သဲပွင့်များနဲ့ သီကုံးထားတဲ့ ကန္တာရ တဲ့
သူဟာ……. မ၀တ၀ရှိတဲ့ ဦနှောက်တဲ့
သူဟာ……. ကြိုးမဲ့လေတံခွန်တဲ့
သူဟာ…….တောင်ကျိုးငှက်တစ်ကောင်တဲ့
(ဟူးးးးးးးးးးးးးးးးးးးးးးးးး)
သူတို့ အစားမောလှပါတယ် ကောင်မလေးရယ်…..
ကောင်မလေးရေ..
ငါမင်းအတွက်ခံယူထားတာကရိုးရိုးလေးပါကွာ
(ဒကယ်တော့)
ငါဟာ သက္ကရာဇ်တွေပြိုလဲသွားတဲ့
(နင့်ရဲ့ ) အတိတ်ကမှတ်တိုင်လေးတစ်ခု ပါ
(ငါ့ခံစားချက်ကို မင်းတောင်နားမလည်သေးတာ
လူအချို့ ကလည်း ဘယ်နားလည်နိုင်မလဲနော်)
ကာရံမဲ့ကဗျာ
နှလုံးသား ကာရံမညီတဲ့ကဗျာ
ဆက်ကာဆို တော့
ကာရံမညီ လက်ရေးမလှ
ခေါက်ရိုးကျိုးတဲ့ည များလှပါပြီကော..............
တမ်တကာမြတိနိုး
အိပ်ရာနိုးတော့သူမမျက်နှာ
လှမ်းကာမြင်မိလွမ်းမိပါသည်
(ဟူးးးးးးးးးးးးးးးးးး)
ဒီအတိုင်းဆို မလွယ်ဘူးရူးနိုင်တယ်
အသုံးမကျဘူးဆိုတာသူ့ ကိုသင်တို့ မသုံးတက်တာပါ
လူတွေပြောပြောနေကျတယ် ဗျာ နေရာတိုင်းမှာပေါ့
၊မင်းအသုံးကိုမကျဘူး၊ ဆိုတဲံစကားပါ
ကျနော်ဆင်းစားကြည့် တယ်ဗျာ လူတစ်ယောက်ကိုဘယ်လို နေရာမှာမသုံးမကျဘူးဆိုတဲ့
စကားသုံးတာလဲ ?
ကျနော်စဉ်းစား ရင်းး မကြာပါဘူးအဖြေတစ်ခုရလာတယ်
အခုတလော ကျနော် အပြင်တွေ ထွက်နေရတာများတယ်
(ဘယ်တုန်းကယောအထဲမှာနေရလို့ လဲ)
တစ်နေ့ ကျနော် မိုးတွေရွာနေလို့ ကော်ဖီဆိုင်ဝင်ပြီး ကော်ဖီတစ်ခွက် သောက်နေတယ်
အဲ့ဆိုင် မှာ ကောင်လေးတစ်ယောက် ကိုဆိုင်ရှင် ကဆူနေတာတွေ့ မိတယ်
( ကျနော် နဲ့ တော့ဘာမှမဆိုင်ဘူးလေ ) ကျနော် နားစွင့်နေတာပေါ့
ဆိုင်ရှင် က။။ မင်းး....အသုံးကိုမကျဘူး ဘာခိုင်းခိုင်း မဖြစ်ဘူး
မင်းအလုပ်ထွက်တော့တဲ့ 
ဟာ.........ကျနော်ကောင်လေးကိုကြည့် တော့ သူမျက်ရည်တွေဝိုင်းလို့ 
ကျနော်စိတ်ထဲမကောင်းဖြစ်သွားမိတယ်
မကြာပါဘူးခနကြာတော့ကျနော့်ဘေးဝိုင်းက အသက်70လောက်ရှိတဲံလူကြီးတစ်ယောက်က ဆိုင်ရှင်နဲ့ 
စကားပြောတာ ကြားလိုက်တယ် ကျနော့အတွက် တန်ဖိုးဖြတ်မရခဲ့ပါဘူး
(အဘ) ဟေ့တစ်ခုလောက်မေးချင်တယ်ကွာ
ဆိုင်ရှင်။ မေးလေ အဘ
(အဘ)စောန ကကောင်လေးကို ဘာလို့ အလုပ်ထုပ်လိုက်တာလဲကွ
ဆိုင်ရှင်။ အော် သူဗျာ ဘာခိုင်း အဆင်မပြေလို့ လေ
(အဘ)အဆင်မပြေတာ ကဘာများလဲကွငါ့တူရ
ဆိုင်ရှင်။ အဘရေ... သူကကြောင်တောင်တောင် နဲ့ ဗျ
ဟိုဟာဝယ်ခိုင်းရင်ဒီဟာ ၀ယ်လာ နဲ့ ငါ့ကျနော်မှာစိတ်ညစ်ပေါင်းလဲများနေပါပြီဘာခိုင်းခိုင်းအသုံးကိုမကျဘူး
သူ့ ကြောင့်နဲ့ ကျနော့်အလုပ်တော့မပျက်ခံနိုင်ဘူး ဗျ ဒါ့ကြောင့်ကျနော်လဲ
အလုပ်ထုပ်လိုက်တာ ...
(ဆိုင်ရှင်ကတော့ တိုတို တုပ်တုပ်ပဲပြောတာ ကျနော်ကလဲ သူ တို့ ပြောတာကိုအေးဆေးနားထောင်နေလိုက်တယ်ဒါပေမဲ့  ကျနော် ဆိုင်ရှင်ပြောတာ ကို မကြိုက်တာ အသုံးမကျဘူးဆိုတာကိုလေ)
ဒါနဲ့ .....
(အဘ) ငါ့တူအဘစကားနဲနဲပြောမယ်နော်
ဆိုင်ရှင်။ဟုတ်ပြောပါအဘ
(အဘ)ငါ့တူကသူ အသုံးမကျဘူးလို့ ပြောတယ်နော် ဒကယ်တော့ ငါ့တူရယ် သူအသုံးမကျတာမဟုတ် ပါဘူး ငါ့တူ မသုံးတက်သေးတာပါ
ဆိုင်ရှင်။ ဟင် ( ဆိုင်ရှင် သူနဲနဲတွေဝေသွားတယ်)
(ကျနာ် ကလဲဆက်နားစွင်တာပေါ့ သူဘာဆက်ပြောမလဲဆိုတာကို)
ငါ့တူစဉ်စားကြည့် ကွာ ကျနော် ဥပမာတစ်ခုပြောပြမယ်
မင်းသူ့ ကို သုံးမရဘူးဆိုပြီးထားလိုက် အဲ့လူ ဒီထက်ဆိုးလိမ့်မယ်
အဘပြောချင်တာ ကအသုံးမကျတဲ့ အဲ့ကောင်လေးကို
သူနဲ့ လိုက်ဖက်မယ်နေရာကို ငါ့တူတွေးပြီးခနထားလိုက်ပါ ဒါကိုသူနားမလည်သေးဘူး ဆိုရင်နောက်တစ်နေ ရာပေါ့
တစ်နေ့ ငါ့တူအတွက်သူဟာအကောင်းဆုံးလူဖြစ်ကိုဖြစ်လာလိမ့်မယ်ငါ့တူ
ဆိုင်ရှင်ကတော့။ ဘာညာသလကာတွေနဲ့ ရစ်တာပေါ့နော်
အဘကြီးကလဲ ဥပမာတွေများများနဲ့ ပြောပြသွားတယ်
(ဥပမာတွေကတော့များတယ်ဗျ ကျနော်မှတ်ထားတာကနေ မေ့နေလို့ )
ကျနော်ဲအလုပ်ရှိတာနဲ့ ပိုက်ရှင်ရှင်းပြီးထွက်လာခဲ့တယ် နောက်တော့ဘာဖြစ်လဲမသိဘူး
ဒါပေမဲ့
ကျနော်အဘပြောတဲ့
မင်းသူ့ ကို သုံးမရဘူးဆိုပြီးထားလိုက် အဲ့လူ ဒီထက်ဆိုးလိမ့်မယ်
အဘပြောချင်တာ ကအသုံးမကျတဲ့ အဲ့ကောင်လေးကို
သူနဲ့ လိုက်ဖက်မယ်နေရာကို ငါ့တူတွေးပြီးခနထားလိုက်ပါ ဒါကိုသူနားမလည်သေးဘူး ဆိုရင်နောက်တစ်နေ ရာပေါ့
တစ်နေ့ ငါ့တူအတွက်သူဟာအကောင်းဆုံးလူဖြစ်ကိုဖြစ်လာလိမ့်မယ်ငါ့တူ
ဆိုတာလေးကိုကျနော် အခုထိတိုင် မမေ့သေးပါဘူး
တကယ်တော့လူတွေက က အသုံးမကျဘူးဆိုတဲ့
စကားကိုလက်ဝယ်ထားတက်တယ်ဗျ
အဲ့လူဘယ်နေရာမှာအသုံးကျတယ်ဆိုတာ ကို ဘယ်သူမှ
မသိဘူးဗျာ
အခုတော့ ကျနော် သိခဲ့ပါပြီ...................
ကိုမကမသုံးတက်ပဲနဲ့  လူတစ်ယောက် ကိုအသုံးမကျဘူးလို့ ပြော
တာက ကိုကိုယ်တိုင်ကယောသူ့ ကို အသုံးကျအောင်မသုံးလို့ ပါ
ဒါနဲ့ သူငယ်ချင်းတို့ ကယော (?????????????????????)
ဒါလေးကို ဖတ်ပြီး Suggestion လေးပေးထားခဲ့ပါဦးဗျာ
မှတ်ချက်။။။။။ (ဇတ်လမ်းမဟုတ်ပါ ကိုယ်တိုင်ကြားခဲ့တဲ့စကားလေးတွေပါ)
Saturday, July 20, 2013
အသနားခံခြင်း
ဝန်ခံခွင့်ပြု့ ပါ ။ ၀န်ခံပရစေ။
ကိုယ်ဟာစိတ်ကူးယဉ်ဆန်တက်တဲ့သူပါ……
သူမရဲ့ ဟန်တွေ က…….
ကျနော့ နှလုံးသားကို ရိုက်ခက်လာလို့ ပါ။
ရှင်းပြခွင့်ပြု့ ပါ ။ ရှင်းပြပရစေ။
ကိုယ်ဟာ ငယ်ရွယ်သူပါ
အရာရာကို စိတ်လိုက်မာန်ပါ လုပ်တက်လို့ ပါ။
အမှတ်မထင်တိုက်ခိုက်လိုက်တဲ့ 
အစိမ်းရောင်စကားကြောင့်
ကိုယ့်အသက်ကို လောင်း ကစားလုပ်လိုက်နိုင်လို့ ပါ။
တောင်းဆိုတာပါ ။ တောင်းဆိုပရစေ။
(နှလုံးသားရေ…….)
မချစ်ရဲ့ ဘဲနဲ့ …………….မချစ်ပါနဲ့ 
မလွမ်းရဲဘဲနဲ့ …………..မလွမ်းပါနဲ့ 
မနီးဘဲနဲ့ ………………..မဝေးခိုင်းပါနဲ့ 
ဒါဟာ………………………..
ကိုယ့်ကို သိမ်ငယ်စေလို့ ပါ
ကိုယ့် ဘ၀ပျက်မှာမို့ လို့ ပါ
အစိမ်းရောင်တိုက်ပွဲ
ကောင်မလေးရေ……..
ငါ့ကိုမကြေညာပဲ ငါဆင်နွဲ လိုက်ရတဲ့ အစိမ်းရောင်
စစ်ပွဲတစ်ခုမှာ……………..
ငါ့ဝဲဘတ်ရင်အုံတစ်ခုလုံးပြာကျသွားရင်တောင်
ဒီလောက်နာကျင်မယ်မထင်ဘူး
အခုတော့
ဝေးကွာလွန်းတဲ့ ဘ၀နှစ်ခုကြားမှာ
မာနနဲ့ အတ္တတွေကို လက်နက်ဖြစ်အသုံးချပြီး
ငါ့ရင်ကို ဆုံးမသွားတော့
အလွမ်းငွေ့ တလူလူနဲ့ 
နာကျင်ရတာ ခက်လှပါတယ်
နီးစပ်ခွင့် မပေးတဲ့ အပြုံးပိုင်ရှင်ရယ်……………….။
( အရူးတစ်ယောက်ရဲ့ စိတ်ကူး )
ဇူလှိုင်လရဲ့ မိုးစက်တွေက ခန္တာကိုယ်အနှံ့ အပြား
ထိုးနှက်ကျီစားနေတောင်မှ…………………..
ထီးကိုမလို သူမကိုလိုလားနေတဲ့
ကိုယ်စိတ်ကို ကိုယ် နားမလည်ဘူး
မိုးစက်များကြားသူမနဲ့ ရှိရင်
 ဝေဒနာ ကင်းမဲ့သူလို့ ခံယူသူ………
ကိုယ့်ကို ကိုယ် နားလည်ဖို့ ခက်တယ်
ရုန်းကန်နေတဲ့ ဘဝ
အထိမခံတဲ့ နှလုံးသားနဲ့ ကျောက်ကပ်
နူးညံလွန်းတဲ့ အသဲတစ်စုံနဲ့ မြေမကျတဲ့ စိတ်ဓာတ်တွေ
သူမအတွက်နဲ့ မိုးရေထဲမှာ
( ၁ ) ရက်နေလို့ မသေရင်
ကျနော် နဲ့သူမအတွက်………………..
“ လှပလွန်းတဲ့ နေ့ သစ်မှာ နွေးထွေးတဲ့
နေရောင်ခြည်က အပြုံးနုနုနဲ့ ……
ကြိုဆိုနေမှာပေါ့”  လို့ ခံယူနေသူ
Tuesday, July 16, 2013
ချစ်သူသို့ ...........
ချစ်သူ........................
တကယ်လို့ 
မင်းလက်သင့်ခံနိုင်တဲ့  ငါ့ရဲ့ အချစ် မင်းရင်ခွင်မှာရှိခဲ့မယ်ဆိုရင်
ငါ့ရင်ခွင်က ကကြိုးတဲ့ညီတဲ့ သံစဉ်တစ်ပုဒ်ကို မင်းကြားနိုင်လိမ့်မယ် ချစ်သူ...
(အဲ့သံစဉ်က)
သိပ်ဆန်းပြားတယ်
လျှို့ ဝှက်တယ်
နူးညံ့ တယ်
ပြီတော့
သူဟာအရမ်းကြည်နူးစရာကောင်းတယ်
Friday, July 5, 2013
(ဇာတာ)
မောင့်အသဲ
ဆောင့်ဆွဲရလောက်အောင်သတ္တိရှိလို့လား...?
မောင့်အချစ်ကို
ဆောင့်ပစ်ချလိုက်မှကျေနပ်မှာလား.....?
မောင့်ဘ၀ကို
တစ်ထောငိ့တညလောက်
နစ်မွန်းစေမှာလား...?
မောင့်အတွေးတွေကိုနှောင့်နှေးစေဖို့ 
အကြံဥာက်တွေရောလောက်ရဲ့လား.....?
ဒီပုံစံနဲ့သာဆိုမောင့်အထင့်ပြောရရင်
နောက်လင်ရလို့ကတော့
ကျောက်ပျဉ်နဲ့ပါအထုခံရမယ်
ဇာတာမင်းမှာပါတယ်အချစ်ရေ.....။
ထိုဟာလေးလိုချင်ရင်လာခဲ့ပါ