ကျွန်ုပ်တို့သည်
အရာရာတိုင်းကိုဖန်တီးနိုင်သော
လက်များဖြစ်လျှင်ဖြစ်မည်။
ကျွန်ုပ်တို့သည်
စိတ်ဓာတ်များကိုအရောင်ဆိုးသော
မာနတ်ဖြစ်လျှင်ဖြစ်မည်။
ကျွန်ုပ်တို့သည်
အရာရာတိုင်းကို ဖန်တီးနိုင်
ဖျက်ဆီးနိုင်သောလူများဖြစ်သည်။
သို့သော်
ကမ္ဘာပေါ်ရှိလူတိုင်းသည်
တနေ့လျှင်တစုံတရာအား
လွန်ဆန်နိုင်ခြင်းမရှိသော
သနားစရာလူတစုဖြစ်သည်။
No comments:
Post a Comment
ရိုင်းစိုင်းသော comment များမပေးရန်တောင်းဆိုပါသည်