အလွမ်းခရီးသည်ဘလော့ဆိုဒ်လေးမှကြိုဆိုပါတယ် လာလယ်တဲ့စာပေချစ်သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ် facebook link လေးကတော့ http://www.facebook.com/alwankhayeetal ပါ အလွမ်းခရီးသည်များနားခိုရာအဖွဲ့ ကိုလာလယ်ချင်ရင်တော့ https://www.facebook.com/groups/alwankhayeetalnarkoyar/ပါခင်ဗျာ
http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

MSN Icon Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

★♥အလွမ်းခရီးသည်မှ| | |စာပေချစ်သူများကို| | |နွေထွေးစွာကြိုဆိုပါတယ်★♥

"အလွမ်းခရီးသည်"

Facebook စာမျက်နှာသို့ လာလယ်ရန်

"အလွမ်းခရီးသည်များနားခိုရာ"

အဖွဲ့ သို့ လာလယ်ရန်

Monday, May 27, 2013

၂၁ရာစုမပြီးသေးဘူး။


by ကဗျာ-သိန်းလက်ျာ (Notes) on Thursday, February 21, 2013 at 4:36pm
လူကလည်း မအူမလည်
မူကလည်း မပြောင်းမလဲ
၂၁ရာစု အစပိုင်းလောက်ကပေါ့။

ဖလန်းဖလန်းထတဲ့ ကျေးငှက်များတွက်
ကမူးကရူး အချစ်ကဗျာ ငါရွတ်ပြခဲ့ဖူးတယ်
သူတို့ဘယ်လို သဘောပေါက်လဲတော့သိဘူး
ငါကိုယ်တိုင်တော့ ငါ့ကဗျာကို နားမလည်ခဲ့ဘူး။

အချစ်ဆိုတဲ့အရာ.........
အချစ်ဆိုတဲ့ အက္ခရာ.......
အချစ်တွက်ရေးတဲ့ ကဗျာ......
အချစ်တွက်ရေးတဲ့ ၀ထ္ထုဆောင်းပါး.
အချစ်တို့ရဲ့ နယ်မြေတစ်လျှောက့်မှာ
အချစ်ရူးခဲ့တဲ့ ငါကလည်း....
အချစ်ကျမ်းထဲမှာ ပျော်လို့ရွင်လို့ပေါ့။

ည(၆)နာရီလည်း ထိုးပြီမို့
ကျေးငှက်တွေလည်း အိပ်တန်းတက်ပြီ။

ကမ္ဘာနှစ်ခြမ်းကို အလှည့်ကျလင်းပေးတဲ့နေမင်းကြီးလည်း
ငါ့ကမ္ဘာရဲ့ဟိုဘက်ခြမ်းကို ဂျူတီပြောင်းသွားပြီ..။

လပြည့်ညမို့ လမင်းကြီးက အချိန်မီအစားထိုးပေးတယ်
ဒါပေမယ့် အရင်ကလိုတော့ ငါ့ကမ္ဘာက မလင်းလက်တော့ဘူး။

အစွမ်းထက်လှရဲ့ အချစ်ကဗျာကလည်း
အမှောင်ကို မဖြိုခွန်းနိုင်သလို
ငါတို့ကလည်း အချစ်ကိုမလွန်ဆန်နိုင်သေးဘူး။

အချစ်တို့ရဲ့ မူ လည်း မပြောင်းသေးဘူး
မင်းလည်းအချစ်ကို ရူးတုန်းပဲ...
ငါလည်း ကဗျာကို မူးတုန်းပဲ...။

အော်.....ဒါနဲ့...........
၂၁ရာစုက အခုထိမပြီးသေးဘူးနော်။

ကဗျာဆရာ မဖြစ်လို


by ကဗျာ-သိန်းလက်ျာ (Notes) on Friday, May 24, 2013 at 12:35pm

ချစ်သူနဲ့ လမ်းခွဲ ပျက်ဆဲခြင်းဟာ

အလွမ်း ကဗျာဆရာများတွက်တော့

ကဗျာကောင်း မြောက်များစွာ

ရေးနိုင်တဲ့နေ့ ပါပဲ....။

တကယ်တော့ ကဗျာဆရာတိုင်းဟာ

အချစ်ကံခေ သူများသာ ဖြစ်သည်။

အချစ်ကံခေတဲ့ ကဗျာဆရာ မဖြစ်လို။

                                              (သိန်းလက်ျာ)ကဗျာသိန်းလက်ျာ Facebook Page မှ ကြိုပါသည်။

သူငယ်ချင်းသို့

ငါ့ရဲ့ချစ်ခြင်း မေတ္တာအကုန်လုံးနဲ့
သူ့ကို ပုံအောပြီးချစ်ခဲ့သမျှ
ငါယုံကြည်တဲ့မင်းကို ရင်ဖွင့်ခဲ့ဖူးတယ်နော်
ငါ့ခင်မင်မှုကို တန်ဖိုးထားမယ် ထင်လို့ပေါ့။

မင်းရဲ့ တုန့်ပြန်ကျေးဇူးတရားတွေ က
သူငယ်ချင်းဆိုတဲ့ စကားလုံးကိုတောင်
ငါနားမလည် နိုင်သည့်တိုင် ရှုပ်ထွေးစေတယ်။

အရမ်းခင်တဲ့ မင်းနဲ့ ငါက
ရင်ခုန်သံ တစ်ထပ်တည်းကျနေမှတော့
ဆူပွက်နေတဲ့ ငါ့နှလုံးသားကို ရေခဲရိုက်လို့
ယိုစိမ့်နေတဲ့ ငါ့မျက်ရည်ကို ပီတိလုပ်ပြီး 
မင်းတို့ ရဲ့ ချစ်ခြင်းတွက် ငါဂုဏ်ပြုလိုက်ရုံပေါ့။

ထာဝရပျော်ရွင်ပါစေ သူငယ်ချင်း..
ငါ့တွက်တော့ သူငယ်ချင်းဆိုတာ မလိုတော့ပြီ
လောကကြီးဟာ ကြောက်စရာကောင်းလွန်းခဲ့ပြီ။
                                            တစ်ချိန်ကမင်းရဲ့ သူငယ်ချင်း
                                                     သိန်းလက်ျာ
ထိုဟာလေးလိုချင်ရင်လာခဲ့ပါ