အလွမ်းခရီးသည်ဘလော့ဆိုဒ်လေးမှကြိုဆိုပါတယ် လာလယ်တဲ့စာပေချစ်သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ် facebook link လေးကတော့ http://www.facebook.com/alwankhayeetal ပါ အလွမ်းခရီးသည်များနားခိုရာအဖွဲ့ ကိုလာလယ်ချင်ရင်တော့ https://www.facebook.com/groups/alwankhayeetalnarkoyar/ပါခင်ဗျာ
http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

MSN Icon Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

★♥အလွမ်းခရီးသည်မှ| | |စာပေချစ်သူများကို| | |နွေထွေးစွာကြိုဆိုပါတယ်★♥

"အလွမ်းခရီးသည်"

Facebook စာမျက်နှာသို့ လာလယ်ရန်

"အလွမ်းခရီးသည်များနားခိုရာ"

အဖွဲ့ သို့ လာလယ်ရန်

Tuesday, April 2, 2013

♥တနေ့ပေါ့....✵ ✵



♥တနေ့ပေါ့....

♥တနေ့ပေါ့....
ငါတို့နှစ်ယောက် အတူလက်တွဲပြီ လမ်းလျှောက်ခွင့်ရမှာပါ



♥တနေ့ပေါ့....
ငါတို့နှစ်ယောက် စိတ်ညစ်ချင်က ဝေးပြီ ပျော်ရွှင်မှုတွေဘဲ ခံစားရမှာပါ



♥တနေ့ပေါ့....
ငါတို့နှစ်ယောက် အတူတူ ဘ၀တခုကို တည်ဆောက်ခွင့်ရမှာပါ



♥တနေ့ပေါ့....
ငါတို့နှစ်ယောက် အချစ်ကို နားမလည်တဲ့ အသိုင်းအ၀ိုင်းတွေလဲ
တနေ့နားလည်လာမှာပါ



♥အဲဒီတနေ့ကို အမြန်ဆုံးရောက်ဖို့ ငါဆုတောင်းနေတယ် .......ချစ်သူ
ဒါတွေအားလုံးတနေ့ဖြစ်လာဖို့ ငါတို့နှစ်ယောက် အချစ်တွေ ပိုတိုးပြီ ချစ်မှ
အမြန်ဆုံး နီးနိုင်မယ်



♥ငါဆုတောင်းလေးပြည့်ချင်တယ် .........



ချစ်သူ (2)

-->
ချစ်သူ
လှေနံနှစ်ဖက်နင်းတယ်ဆိုတာ
နည်းတဲ့အရည်အချင်းမှမဟုတ်တာ
နင်းစမ်းပါစေ လှေနံဆယ်ဖက်ပေးနင်းတယ်
သံပုရာရည်တောင်သကြားထည့်ရင်ချိုပါတယ်
အနည်းဆုံးတော့နင့်လိပ်ပြာနင်လုံပါစေ

ယုံကြည်ချင်ခဲ့တယ် နင်မညာဘူးလို့
ယုံကြည်နေခဲ့တယ် နင်မလိမ်ဘူးလို့

သစ္စာဆိုတာ ပန်းနာမည်လောက်ပဲသိတဲ့နင့်ကို
ဆိုတေးသီချင်းလို နင်လိမ်လဲငါချစ်မယ်
ပြောမယ်ထင်နေလား

နင့်အတွက်နောက်တစ်ခေါက်မျက်ရည်ကျရင်
ငါကိုယ်တိုင်ငါ့နှလုံးသားကို မြေမြှပ်သဂြိုလ်ပစ်လိုက်မယ်

ပြောလို့ရလို့ချုတာပါလို့မပြောနဲ့
ချစ်လွန်းလို့လိုက်လျောခဲ့တဲ့
ငါ့စိတ်ရင်းငါတောင်ပြန်ရွံ့မိတော့မယ်

လိမ်နေတာပိရိပီလိုမထင်နဲ့
ဂုဏ်သိက္ခာကိုငှဲ့ပြီးမသိချင်ယောင်ဆောင်ခဲ့တဲ့
ငါ့စိတ်ရင်းငါပြန်မုန်းမိတော့မယ

နေရစ်ခဲ့လို့သိပ်မပျော်နဲ့
သစ္စာမရှိတဲ့နင့်နားတစ်စက္ကန့်တောင်မနေချင်တာ
ငါ့စိတ်ရင်းမို့ နင်သိပ်ချစ်ပါတယ်ဆိုတဲ့

နင့်ချစ်သူသစ်နားမှာ နင့် လိပ် ပြာ နင် လုံ ပါ စေ. .

Single life


Single life
ကိုယ့်ကို တန်ဖိုးမထားတတ်တဲ့ ချစ်သူဘေးမှာ အချိန်ကုန်နေတာထက်
တယောက်တည်း လွတ်လွတ်လပ်လပ်နေရတဲ့ Single ဘ၀က ပိုကောင်းတယ် ...

ဝမ်းနည်းကြေကွဲနေရတဲ့ ချစ်သူဘ၀ထက်
ပျော်ရွှင်နေတဲ့ စုံတွဲတွေကို ဘေးကနေကြည့်ပြီး ပီတိဖြစ်နေရတဲ့ Single ဘ၀က ပိုကောင်းတယ် ...

ချစ်သူရှိတာတောင် အထီးကျန်သလို ခံစားနေရတာထက်
တယောက်တည်း အထီးကျန်နေရတဲ့ Single ဘ၀က ပိုကောင်းတယ် ...

လူတယောက်အနားမှာ ရူးမိုက်စွာ အလှည့်စားခံနေရတာထက်
ကိုယ့်ကို မြတ်နိုးလို့ လာရောက် ဒူးထောက်မယ့် လူတယောက်ကို စောင့်နေရတဲ့ Single ဘ၀က ပိုကောင်းတယ် ...

Single ဖြစ်တိုင်း အထီးကျန် ခံစားနေရတာ မဟုတ်သလို ...

Relationship ဖြစ်တိုင်းလည်း ပျော်ရွှင်နေရတာ မဟုတ်ပါဘူး ...

ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး



ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး

ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊
ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။

-အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့

(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့

(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့

(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့

-အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။

Why ???
-ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။

-သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ် :) :) :) :) :)
From : Mg Lwan Wai


-ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့  ဒီသတင်းကိုကြားရတာ ဂုဏ်ယူ ၀မ်းသားမိမယ် လို့ မျှော်လင့်ပါတယ် ဗျာ...

ဗုဒ္ဓဘာသာကမ္ဘာကျော်သွားအောင် ဆင့်ကဲဖော်ပြပေးလိုက်ပါဗျာ

Monday, April 1, 2013

လမ်းခွဲပြီးတဲ့ချစ်သူနှစ်ဦး

လမ်းခွဲပြီးတဲ့ချစ်သူနှစ်ဦး ... တစ်နေ့မှာ မထင်မှတ်ပဲ လမ်းမှာဆုံခဲ့ကြတယ် ။ ။

Girl << မတွေ့ရတာကြာပြီနော်။ နင်ချစ်သူအသစ်ရနေပြီဆို။ ပြီးတော့ နင့်ကောင်မလေးကသိပ်လှတာပဲတဲ့ ။
( ကောင်မလေးရဲ့စိတ်ထဲမှာ - သူ တကယ် ငါ့ထက်လှရဲ့လား ချစ်သူရယ် )
Boy << အင်း! သူလှပါတယ်။
( ကောင်လေးရဲ့စိတ်ထဲမှာ - ဒါပေမယ့် အခုချိန်ထိတော့ နင်သာ ငါ့အတွက် ဒီကမ္ဘာပေါ်မှာ အလှဆုံးသူပေါ့ )

Girl << နင့်ချစ်သူက အရမ်းပျော်တတ်ပြီး တော်လည်းတော်တယ်လို့ကြားတယ်။
( ကောင်မလေးရဲ့စိတ်ထဲမှာ - သူက ပျော်ပျော်နေတတ်ပေမယ့် ငါ့လောက် နင့်ကို ပျော်ရွှင်မှုပေးနိုင်ရဲ့လား ချစ်သူ )
Boy << အင်း! သူက ချစ်ဖို့ကောင်းပါတယ်။
( ကောင်လေးရဲ့စိတ်ထဲမှာ - ဒါပေမယ့် ငါချစ်ရသူ နင်နဲ့တော့ ဘယ်ယှဉ်လို့ရမလဲနော် )

Girl << အင်း! နင်တို့နှစ်ယောက် ပျော်ရွှင်ပါစေလို့ ငါ ဆုတောင်းပေးတယ်နော် !
( အော် ~~ ငါတို့နှစ်ယောက် တကယ်ဝေးခဲ့ကြပြီပေါ့နော် )
Boy << ငါလဲ အဲဒီလိုဖြစ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။
( ငါတို့နှစ်ယောက်ကြား အဖြစ်အပျက်တွေက မယုံနိုင်လောက်စရာပဲနော်။ ဒီလောက်ထိဖြစ်ခဲ့လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး ချစ်သူရယ် )

Girl << ဒါဆို .. ငါ သွားတော့မယ်နော် !
( နင့်ရှေ့မှာ ငါ့မျက်ရည်တွေ ကျမလာခင်ပေါ့ )
Boy << အင်း! ကောင်းပါပြီ။
( နင်ငါ့အတွက်နဲ့ဘယ်တော့မှ မျက်ရည်မကျရပါစေနဲ့။ နင်မငိုဘူးလို့ ငါ့ကို ကတိပေးပါလားဟာ )

Girl << တာ့တာ!!
( ငါလေ အမှန်အတိုင်းပြောရရင် နင့်ကိုချစ်နေတုန်းပဲ။ ပြီးတော့အခုထိ သတိရနေမိတုန်းပဲ။ ဘယ်လိုမှ မေ့နိုင်မယ်မထင်ဘူး။ )
Boy << အင်း! တာ့တာနော် !!
( ငါ နင့်ကို ဘယ်တော့မှမမေ့ဘူး။ နင်သာ ငါ့ဘဝရဲ့ တစ်ဦးတည်းသော အချစ်ဆုံးသူ !!! )


*_ တခါတလေမှာ ဘာမဟုတ်တဲ့ အတ္တတွေ မာနတွေ ဟန်ဆောင်မှုတွေကြောင့် ချစ်ရက်နဲ့ ဝေးသွားတတ်ကြတယ်လေ _*


ထိုဟာလေးလိုချင်ရင်လာခဲ့ပါ