အလွမ်းခရီးသည်ဘလော့ဆိုဒ်လေးမှကြိုဆိုပါတယ် လာလယ်တဲ့စာပေချစ်သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ် facebook link လေးကတော့ http://www.facebook.com/alwankhayeetal ပါ အလွမ်းခရီးသည်များနားခိုရာအဖွဲ့ ကိုလာလယ်ချင်ရင်တော့ https://www.facebook.com/groups/alwankhayeetalnarkoyar/ပါခင်ဗျာ
http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

MSN Icon Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

★♥အလွမ်းခရီးသည်မှ| | |စာပေချစ်သူများကို| | |နွေထွေးစွာကြိုဆိုပါတယ်★♥

"အလွမ်းခရီးသည်"

Facebook စာမျက်နှာသို့ လာလယ်ရန်

"အလွမ်းခရီးသည်များနားခိုရာ"

အဖွဲ့ သို့ လာလယ်ရန်

Tuesday, March 12, 2013

မအတွက် (ချစ်သောမမအတွက်)


တဖြည်းဖြည်းတွေ့ဖို့ နီးလာပြီဆိုတဲ့  ခံစားချက်နဲ့ 
အကြိမ်ကြိမ်ငိုခဲ့ ဖူးတဲ့  မျက်ရည်တွေက ခမ်းခြောက်လာတယ်မ.....

ခဏခဏရန်ဖြစ်ခဲ့ ဖူးတာတွေကို
တွေ့လို့ အချိန်ရရင်.....
ရီစရာအနေနဲ့ ဟာသလုပ်ပြောပြမယ်ဆိုပြီးလည်း စိတ်ကူးယဉ်ဖူးတယ် မ ....

မအိပ်ပဲအတူတူ ....
မကုန်နိုင်မခမ်းနိုင်တဲ့ စကားတွေဖောင်ဖွဲ့ပြောခဲ့ ဖူးတာလေးတွေကိုလည်း
မှတ်မှတ် ရရ ပြန်အလွမ်းသယ်ကြမယ်လေနော်......

ဘုရားကို အတူတူတက်မယ်...
မ လက်ကိုဆွဲပြီး မမောတမ်းရန်ကုန်မြို့နေရာအနှံကိုပတ်မယ်လို့ တွေးမိပြန်တော့ 
အလိုလို ပြုံးမိပြန်တယ် မ .......

မ ပြန်လာတဲ့  အဲ့နေ့ကလေးမှာ
တခါဝတ်ရမဲ့  အ၀တ်အစားအတွက်
အကြိမ်ပေါင်းမြောက်များစွာ ရွေးချယ်နေရပြန်တယ် မ ရယ်.......

အမှတ်တရပါပဲမောင်....
ဒီစာကို ရေးနေတဲ့ အချိန်မှာလည်း.....
မ ကို မခွဲတမ်းချစ်နေပြီ  ဆိုတာလည်း ပိုခံစားမိလာတယ်မ .....

တွေ့ဆုံခွင့်က ရက်ပိုင်းလေးဖြစ်ချင်ဖြစ်မယ်.....
နာရီပိုင်းလေးလည်း ဖြစ်ချင်ဖြစ်မယ်......
ဒါပေမဲ့  တကြိမ်တည်းသော မ နဲ့ တွေ့ဆုံခဲ့ ပထမဆုံးအချိန်မှာ...
ကျနော် ရဲ့ ရင်ခုန်သံတွေ အေးစက်သွားနိုင်တယ်မ ရယ်.....

အမုန်းကြောင့် ကမ္ဘာကြီးပျက်ဆီးသွားနိုင်တယ်တဲ့ 
ကျနော်တော့  မထင်မိဘူးမ ...

အချစ်ကြောင့် မ နဲ့ တွေ့တဲ့  အချိန်မှာ ကမ္ဘာကြီး ခဏလောက်ရပ်တန့်သွားနိုင်မယ်ထင်ပါရဲ့နော်........

No comments:

Post a Comment

ရိုင်းစိုင်းသော comment များမပေးရန်တောင်းဆိုပါသည်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ