အလွမ်းခရီးသည်ဘလော့ဆိုဒ်လေးမှကြိုဆိုပါတယ် လာလယ်တဲ့စာပေချစ်သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ် facebook link လေးကတော့ http://www.facebook.com/alwankhayeetal ပါ အလွမ်းခရီးသည်များနားခိုရာအဖွဲ့ ကိုလာလယ်ချင်ရင်တော့ https://www.facebook.com/groups/alwankhayeetalnarkoyar/ပါခင်ဗျာ
http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

MSN Icon Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

★♥အလွမ်းခရီးသည်မှ| | |စာပေချစ်သူများကို| | |နွေထွေးစွာကြိုဆိုပါတယ်★♥

"အလွမ်းခရီးသည်"

Facebook စာမျက်နှာသို့ လာလယ်ရန်

"အလွမ်းခရီးသည်များနားခိုရာ"

အဖွဲ့ သို့ လာလယ်ရန်

Tuesday, July 29, 2014

စိတ်ကူးယဉ် အတွေး




မိုးတွေရွာ တဲ့အခါ
အလွမ်းတွေ ဖောင် ဖွဲ့ တယ်
ချစ်တဲ့သူကို ပိုသတိရတယ်

ထီးက လေးတစ်ချောင်း
နှစ်ယောက်ထဲ ဆောင်းလို့ 
မိုးရေ ထဲမှာ တူတူလမ်းလျှောက်ဖူးတယ်

ချမ်းလို့ ချစ်သူ ကဖက်ထားတဲ့အခါ
ရင် ထဲအ နွေးထွေးဆုံးပေါ့

သူ့ ဆီက အနမ်းလေးတွေကလည်း
မိုး နဲ့  အချစ် အတွက် သ င်္ကေတ လေးကိုဖြစ်လို့ 

ချစ်သူ ဖျော်ပေးတဲ့ကော်ဖီတစ်ခွက်
ေ  မေ့မရနိုင် အောင် စွဲလမ်းရတယ်

မိုးတွေရွာတိုင်း သတိရစရာတွေ များလို့ 
သီချင်းတွေတောင် ပြောကုန်ပြီ
အချစ်တွေ မကုန်နိုင် သေးဘူးလားတဲ့

ချစ်သူရယ် ... နင် သိလား
ငါအသက်ရှင် နေသ၍
ငါ့အချစ်တွေက
ငါ့နှလုံးသားနဲ့ ထပ်တူ
နင့်အတွက် ရှင် သန်နေမှာပါဟာ ...

မိုးရေထဲမှာ ချစ်သူနဲ့လမ်းလျှောက်ချင်လိုက်တာလို့ စိတ်ကူးယဉ်ဘူးတယ်...

သယ်ရင်းတို့ကော ..... 




ရည်မှန်းချက်ပန်းတိုင်း



သင်လျှောက်လှမ်းနေတဲ့လမ်းတစ်ခုမှာ

အဆင်မပြေမှုတွေကြုံလာတိုင်း
စိတ်ပျက် အားငယ်စရာတွေရှိလာတိုင်း
လွယ်လွယ်နဲ့ လဲကျသွားမယ်ဆိုရင်
သင့်အတွက်အောင်မြင်မှုဆိုတာရှိနေတော့မှာ
မဟုတ်ပါဘူး

အခက်အခဲတစ်ခုစီကြုံတွေ့လာရတိုင်း
သင်ယူတတ်မယ်ဆိုရင် သင့်ဘဝအတွက်
အတွေ့အကြုံကောင်း /သင်ခန်းစာကောင်းတစ်ခုကို
သင် ပိုင်ဆိုင်ရမှာပါ

အဆင်မပြေမှုဆိုတာ သင်တစ်ယောက်ထဲမှာပဲ
ရှိနေတတ်တာမဟုတ်သလို / အခက်အခဲဆိုတာလဲ
လူတိုင်းမှာ တစ်မျိုးမဟုတ် တစ်မျိုးစီရှိနေတတ်ကြ
တာပါပဲ

အဲ့ဒါကြောင့် လွယ်လွယ်နဲ့ စိတ်ဓါတ်မကျပဲ
သင်လိုချင်တဲ့ရည်မှန်းချက်ပန်းတိုင်းကို ကြိုးစားပီ
လျှောက်လှမ်းကြည့်ပါ /တစ်နေ့နေ့တော့
အောင်မြင်မှုဆိုတာ သင့်အတွက်ရှိနေပေးမှာပါ...




ကျွန်မရဲ့ အချစ်ဆုံးသူ




မထိတထိ စကားလုံးတွေနဲ့ 
သူအမြဲ ရန်စတယ်
စိတ်ဆိုး မယ် ကြံလိုက် ရင်
ချစ်လို့ စတာပါကွာ ဆိုတဲ့စကားနဲ့ 
စိတ်မဆိုးနိုင် အောင် သူပြောတယ်

သူ့ ကြောင့် ဒေါသထွက် ရလို့ 
စိတ်ကောက်မယ် ဟန်ပြင် ရင်
အနမ်းလေးတစ်ပွင့်နဲ့ 
ချက်ခြင်းချော့တတ်တာ သူ့ အကျင့်ပေါ့

က လေးတစ်ယောက်လို ဆိုးတိုင်း
သူက လူကြီးတစ်ယောက်လို
ရင့်ကျက်ချင် ယောင် ဆောင် တယ်
တစ်ခါတစ် လေ တော့လည်း
သူက က လေးတစ်ယောက်လို
ချွဲ့ နွဲ့  တတ်ပြန်လေ ရော

သူဟာလေ က လေးဆိုးကြီး
သူဟာလေ လူလည်ပေသီး
သူဟာလေ သူဟာလေ
ကျွန်မ ရဲ့ အချစ်ဆုံး သူကြီးပေါ့ဗျာ ....Happy Love 




မခွဲအတူ




ချစ်သူ ဆိုတဲ့ စကားလုံးလေးကို
ငါ့ရင် ဘက်ထဲမှာ ထွင်းထားတယ်

ငါတို့ အချစ် တွေကို
အချိန်တွေက သက်သေပြုပေးတယ်

ငါတို့  အလွမ်းတွေကို
ph call လေးတွေနဲ့ mess လေးတွေက
သက်သေပြုပေးတယ်

ငါတို့  အနမ်းလေးတွေကို
ကျီစယ်တတ်တဲ့ လေ ပြေ လေးတွေက
သက်သေပြုပေးတယ်

ငါတို့  သစ္စာတရားကို
မ ပြောင်းလဲခြင်းက သက်သေပြုပေးတယ်

ရက်မှ လ ... လမှ နှစ်
ရာသီစက်ဝန်းတွေ ကုန်ဆုံးလာတိုင်း
မပျက်စီးသော အချစ်
မယိုယွင်းသော မေတ္တာ
မ ဟောင်းနွမ်းသော အချစ်
မ ပြောင်းလဲသော သံယောဇဉ် တွေနဲ့ 
မခွဲအတူ ငါတို့  ချစ်ကြမယ် နော် ...ချစ်သူ 




ကောင်လေး အချစ်




လာမခူးမှတော့
ကိုယ်ဘာသာပဲ ကြွေပါတော့မယ်. . .
စွာတေးမလေး. . 

.ပြန် ခေါ်ပါ. . .

မာန မရှိတာမဟုတ်ပါဘူး. . .
နင့်အတွက်ဆို
မာန က (ကြို)ဒူးထောက်နေတာ. . .
အဲဒိလောက်ထိ မရက်စက်ပါနဲ့ဟာ
မချစ်တာလဲ မဟုတ်ပဲနဲ့. . .

မျက်နှာတင်းထားလဲ
ငပေါကြီး ဖြစ်ပါစေ
အတင်း(ရယ်စရာတွေ လုပ်ပြီး) လိုက်ချော့မှာပဲ. . .
မကိုင်လဲ
ခဏခဏ ဖုန်းခေါ်မှာပဲ. . .
reply မလုပ်လဲ
စာတွေ ပို့နေမှာပဲ. . .

မိုးနတ်မင်းကြီး ကယ်တော်မူပါ. . .
ဆူးလေ ဘိုးဘိုးကြီး ကယ်တော်မူပါ. . .
အမေ ပုပ္ပါးမယ်တော် ကယ်တော်မူပါ. . .
( ၃၁ ) ဘုံကို စောင့်ရှောက်ကြသော နတ်မင်းများ ကယ်တော်မူပါ....
(ကျွန်တော်မျိုးကို သနားရင်)
ဆူနေတဲ့ နှုတ်ခမ်းလေး
  ပြန်ပြီး ပြုံးသွားအောင်
အမြန်ဆုံး မစတော်မူလှည့်ပါ. . .

ကဲ. . .အရှုံးပေးပါတယ်နော်. . .
မကျေနပ်သေးဘူးဆို
  ရွှေဂုံတိုင် ဂုံးကျော် တံတားကြီးပေါ်မှာပါ
အရှုံးတွေ ချိတ်ဆွဲ ထားပေးမယ်. . .
စိတ်ပြေသွားရင်
internet connetion ကောင်းဖို့
တစ်ယောက်တည်း ဆန္ဒပြပေးမယ်. . .

မရက်စက်ပါနဲ့ဟာ. . .
ငါ နင့်ကို သိပ်ချစ်တာ နင်လဲအသိသားနဲ့. . .

  ကောင်လေးနေရာကနေ ခံစားပြီးရေးပေးထားတာပါ....
သယ်ရင်းတို့လည်း ဒီလို ခံစားချက်လေးတွေ ရှိမယ်ထင်ပါတယ် ....။

အမှားပါလျှင်လည်း ခွင့်လွှတ်ပေးကြပါနော် ...
လိုအပ်တာရှိလည်း ဖြည့်ရေးကြပေါ့နော် ....

အချစ်မှာ အရမ်းချစ်တတ်တဲ့သူက
ကိုတကယ်ချစ်တဲ့ ကောင်လေး ဖြစ်ဖြစ်  

 ကောင်မလေး ဖြစ်ဖြစ် ထားသွားမှာ 
အရမ်းစိုး၇ိမ်တတ်ကြပါတယ်...
ချစ်သူတိုင်း ပျော်ရွှင်ကြပါစေ ....




ထိုဟာလေးလိုချင်ရင်လာခဲ့ပါ