အလွမ်းခရီးသည်ဘလော့ဆိုဒ်လေးမှကြိုဆိုပါတယ် လာလယ်တဲ့စာပေချစ်သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ် facebook link လေးကတော့ http://www.facebook.com/alwankhayeetal ပါ အလွမ်းခရီးသည်များနားခိုရာအဖွဲ့ ကိုလာလယ်ချင်ရင်တော့ https://www.facebook.com/groups/alwankhayeetalnarkoyar/ပါခင်ဗျာ
http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

MSN Icon Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

★♥အလွမ်းခရီးသည်မှ| | |စာပေချစ်သူများကို| | |နွေထွေးစွာကြိုဆိုပါတယ်★♥

"အလွမ်းခရီးသည်"

Facebook စာမျက်နှာသို့ လာလယ်ရန်

"အလွမ်းခရီးသည်များနားခိုရာ"

အဖွဲ့ သို့ လာလယ်ရန်

Thursday, April 24, 2014

ညီညွတ်ခြင်း၏ အကြောင်း ......

Photo: လူတဦးနဲ့တဦးကြား၊ လူတစုနဲ့ တစုကြား အချင်းချင်း ညီညီညွတ်ညွတ်ရှိဖို့ဆိုတာ 
ညီညွတ်ခြင်းအကြောင်းတရား လေးပါးနဲ့ ပြည့်စုံမှ ဖြစ်မှာပါ။ အများသိနိုင်ဖို့ ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်။

( လင်္ကာ )
ပေးကမ်းရက်ရော, အပြောချိုသာ ၊
သူ့ကျိုးဆောင်ရွက်, မပျက်စေရာ ၊
တန်းတူကိုယ်နှင့်, အသင့်ထားပါ ၊
ညီညွတ်ရေး, အားပေး ဤလေးဖြာ ။

( ညီညွတ်ခြင်း၏ အကြောင်း )
ညီညွတ်ခြင်း၏အကြောင်း ချီးမြှောက်ထောက်ပံ့ခြင်းတရား လေးပါးမှာ-
၁။ ဒါန-ရက်ရက်ရောရော စွန့်ကြဲ ပေးကမ်း လှူဒါန်ခြင်း။
၂။ ပေယျဝဇ္ဇ-ချစ်ခင်ဖွယ်ရာ ချိုသာသောစကားကို ပြောဆိုခြင်း။
၃။ အတ္ထာစရိယ-တဦး၏အကျိုးစီးပွားကို တဦးကသိခြင်း, ဆောင်ရွက်ပေးခြင်း။
၎။ သမာနတ္ထတာ-ကိုယ်ချင်းစာတရား ထားခြင်း, မိမိကိုယ်နှင့် တန်းတူထားခြင်း။


ညီညွတ်ခြင်း၏ အကြောင်း...

လူတဦးနဲ့တဦးကြား၊ လူတစုနဲ့ တစုကြား အချင်းချင်း ညီညီညွတ်ညွတ်ရှိဖို့ဆိုတာ
ညီညွတ်ခြင်းအကြောင်းတရား လေးပါးနဲ့ ပြည့်စုံမှ ဖြစ်မှာပါ။ အများသိနိုင်ဖို့ ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်။

( လင်္ကာ )

ပေးကမ်းရက်ရော, အပြောချိုသာ ၊

သူ့ကျိုးဆောင်ရွက်, မပျက်စေရာ ၊

တန်းတူကိုယ်နှင့်, အသင့်ထားပါ ၊

ညီညွတ်ရေး, အားပေး ဤလေးဖြာ ။

( ညီညွတ်ခြင်း၏ အကြောင်း )
ညီညွတ်ခြင်း၏အကြောင်း ချီးမြှောက်ထောက်ပံ့ခြင်းတရား လေးပါးမှာ-

၁။ ဒါန-ရက်ရက်ရောရော စွန့်ကြဲ ပေးကမ်း လှူဒါန်ခြင်း။

၂။ ပေယျဝဇ္ဇ-ချစ်ခင်ဖွယ်ရာ ချိုသာသောစကားကို ပြောဆိုခြင်း။

၃။ အတ္ထာစရိယ-တဦး၏အကျိုးစီးပွားကို တဦးကသိခြင်း, ဆောင်ရွက်ပေးခြင်း။

၎။ သမာနတ္ထတာ-ကိုယ်ချင်းစာတရား ထားခြင်း, မိမိကိုယ်နှင့် တန်းတူထားခြင်း။

"ပေါင်းသင်းဆက်ဆံနည်း..(.၉.)..နည်း"

 Photo: "ပေါင်းသင်းဆက်ဆံနည်း..(.၉.)..နည်း"

၁။မေတ္တာနဲ့ ဆောင်ရွက်ပေးရမယ့်အလုပ်ကို ကောင်းစွာဆောင်ရွက်ပေးပါ။

၂။အမနာပစကားမျိုးတွေ ဘာမှဖြစ်မလာနိုင်တဲ့စကားဆိုးတွေကို ဂရုမစိုက်ပါနဲ့ ။

၃။သူတပါးရဲ့အမှားကို သည်းခံပြီး ပြုပြင်ပေးတတ်ခြင်းရှိပါစေ။

၎။အသေးအဖွဲ့ လေးတွေကို ငွေကုန်ခံအချိန်ကုန်ခံပြီး အရေးကြီးခွင်ကျယ်မလုပ်ပါနဲ့ ။

၅။ပြောင်ပြောင်ပြောလာတတ်သူကို စိတ်ဆိုးမလွယ်ပါနဲ့ ။

၆။အပြစ်ရှိသူကို ခွင့်လွတ်နိုင်တဲ့ အတိုင်းအတာထိသက်ညာထောက်ထားပါ။

၇။ကျနသေချာတွေးတောဆင်ချင်တတ်ပါစေ။

ဂ။သူတပါးစကားကို အယုံမလွယ်ပါနဲ့ ။

၉။တာဝန်ကျလာရင် မညည်းညူပါနဲ့  ရက်ရောမူ့ လည်းရှိစမ်းပါ။

Credit: <A Shin Thu Ri Ya

Admin ..... ဂျာလေး

"ပေါင်းသင်းဆက်ဆံနည်း..(.၉.)..နည်း"

၁။မေတ္တာနဲ့ ဆောင်ရွက်ပေးရမယ့်အလုပ်ကို ကောင်းစွာဆောင်

ရွက်ပေးပါ။

၂။အမနာပစကားမျိုးတွေ ဘာမှဖြစ်မလာနိုင်တဲ့စကားဆိုးတွေကို ဂရုမစိုက်ပါနဲ့ ။

၃။သူတပါးရဲ့အမှားကို သည်းခံပြီး ပြုပြင်ပေးတတ်ခြင်းရှိပါစေ။

၎။အသေးအဖွဲ့ လေးတွေကို ငွေကုန်ခံအချိန်ကုန်ခံပြီး အရေးကြီးခွင်ကျယ်မလုပ်ပါနဲ့ ။

၅။ပြောင်ပြောင်ပြောလာတတ်သူကို စိတ်ဆိုးမလွယ်ပါနဲ့ ။

၆။အပြစ်ရှိသူကို ခွင့်လွတ်နိုင်တဲ့ အတိုင်းအတာထိသက်ညာထောက်ထားပါ။

၇။ကျနသေချာတွေးတောဆင်ချင်တတ်ပါစေ။

ဂ။သူတပါးစကားကို အယုံမလွယ်ပါနဲ့ ။

၉။တာဝန်ကျလာရင် မညည်းညူပါနဲ့  ရက်ရောမူ့ လည်းရှိစမ်းပါ။




အချစ်ကို တွေ့ရှိသွားသောအခါ .....



အချစ်ကို တွေ့ရှိသွားသောအခါ...


လူတိုင်းဟာ အရာတိုင်းမဟုတ်ရင်တောင်မှ
သူမကြိုက်တဲ့အရာလေးတွေကို ပြောင်းလဲ
တတ်ဖို့ ၀န်မလေးတတ်တော့ပါဘူး...


ကိုယ့်ရဲ့မာနတရားတွေဆိုတာကလဲ သူနဲ့တွေ့ရင်

ဘယ်အနားကျပျောက်သွားမှန်းမသိဖြစ်ရတတ်ပါတယ်...

ခဏလေးခွဲနေရတာတောင် စိတ်ပူလာတတ်ပါတယ်

(ငါမဟုတ်တဲ့တခြားလူတွေနဲ့များရှိနေမလား)...

သူမကြိုက်တဲ့အရာ သူ့နောက်ကွယ်မှာဖြစ်နေပါစေ

တတ်နိုင်သမျှရှောင်နေတတ်ပါတယ်...

ကိုယ်ကလွဲပြီးရင် တခြားလူဆိုတာပေါ်လာမှာ

ကမ္ဘာပျက်မတတ်ကြောက်မိကြမှာပါပဲ...

သူ့ဆီက"အရမ်းချစ်တယ်" ဆိုတဲ့စကားဟာ

ကိုယ်ကြားဖူးသမျှစကားလုံးတွေအထဲမှာတော့
အရသာရှိဆုံးဖြစ်လာမှာပါ...

ဘယ်လောက်ပဲ ပင်ပန်းနေပါစေ...သူ့ဆီကမေးလ်

လေးကိုတွေ့လိုက်ရရင် အမောဆိုတာဘယ်နား
ရောက်သွားမှန်းမသိတော့ပါဘူး.....




အဖေ......



အဖေ......

အမေလိုသီချင်းတွေနဲ့မချော့သိပ့်တတ်ပေမဲ့အမေနဲ့
ထပ်တူမလျှော့တဲ့ချစ်ခြင်းတွေနဲ့ချစ်တတ်တဲ့တာပါ .......

အပြင်ဘက်မှာမျက်နှာထားတည်တည်နေတတ်ပေမဲ့
"ငါ့သား ငါ့သမီး"ဆိုပြီးအမြဲဂုဏ်ယူနေတတ်တဲ့အဖေပါ  ......

သားသမီးလေးအဆင်ပြေပြေနေနိုင်အောင်အမြဲပေးဆပ်
ဖို့စဉ်းစားနေတတ်တဲ့ အဖေပါ  ........

အဖေဟာ သားသမီးတွေအတွက်ရွှေတောင်ကြီးတစ်ခု
ပါ လိုအပ်ချက်မှန်သမျှကိုမငြင်မငြူဖြည့်ဆည်းပေးနေ
တတ်တဲ့ ဆန်ရေပါ  .......

ဘယ်လောက်ပဲပင်ပန်းပင်ပန်းသားသမီးမျက်နှာလေး
တွေကိုမြင်မှ အမောပြေနေတတ်တဲ့လူသားတစ်ယောက်
ပါ .......

ငါ့သားကငါ့အားပဲလို့တွေးတတ်ပေမဲ့ သားသမီးတွေဆီ
က ဘာမှမမျှောကိုးတတ်တဲ့ အဖေပါ ......



ချစ်သူ ....



သင် အရမ်းချစ်ရတဲ့သူတစ်ယောက်ကို
ပိုင်ဆိုင်ခွင့်ရနေတဲ့အခါ……

သင့်ရဲ့ နံနက်ခင်းတိုင်းမှာ အရင်ဆုံး သူ့ကို

သတိရနေမိတဲ့စိတ်တွေနဲ့အတူ သူ့ဆီ နှုတ်ဆက်
စကားလေးတွေ အမြဲတမ်းလိုလို ပို့နေမိတတ်တယ်


လူကြီးတစ်ယောက်လို ဆုံးမတတ်တဲ့သူရဲ့

အပြုအမူ …စကားလေးတွေအပေါ် ကလေး
တစ်ယောက်လိုဆိုးနေတတ်ပေမဲ့ အမိန့်တစ်ခုလို
နာခံနေမိတတ်တယ်

သင့်ရဲ့ အတွေးတွေထဲမှာ အချိန်တိုင်း သူဆိုတာ

ရှိနေတတ်ပီး သူနဲ့အဆက်အသွယ်မရတတ်တဲ့
အချိန်ခဏလေးမှာတောင် စိုးရိမ်နေမိတဲ့စိတ်တွေနဲ့
အတူ စိတ်ပူနေမိတတ်တယ်

သူနဲ့ပါတ်သက်တဲ့အရာတွေတိုင်းကိုအလေးအနက်

ထားနေတတ်ပီး သူနဲ့ပါတ်သက်တဲ့ သူတွေ
အပေါ်မှာလဲ သဝန်တိုစိတ်လေးတွေ ခံစားနေမိ
တတ်တယ်

သူ မကြိုက်ပါဘူးဆိုတဲ့အရာတွေကို သူ့နောက်ကွယ်

မှာတောင် ဂရုတစိုက်နဲ့ ရှောင်နေမိရင်း သူနဲ့အတူ
သာယာပျော်ရွှင်တဲ့ ဘဝလေးတစ်ခုကို ပိုင်ဆိုင်ချင်
နေမိသလို သူ့ကို ဆုံးရှုံးလိုက်ရမှာကိုလဲ အရမ်းကို
ကြောက်နေမိတတ်ပြန်ပါတယ်...... ချစ်သူ 



ငါ့အနားမှာ ရှိနေပေးပါ ..... ချစ်သူ




နင့်ကို ရွေးချယ်လိုက်မိလို့
တစ်ခြားသူတွေအမြင်မှာ မှားနေတယ်ဆိုရင်တောင်
နင့်ရဲ့ လက်ကိုပဲ ငါဆုပ်ကိုင်ထားခွင့်ရချင်နေမိတယ် ......

နင့်အပေါ် တစ်ဘဝလုံးစာဆိုတဲ့
မျှော်လင့်ချက်တွေထားနေမိလို့ ငါ ရှုးမိုက်နေတယ်
ိဆိုရင်တောင် နင့်ကိုဆုံးရှုံးရမှာကို ငါကြောက်တယ် ......

နင်ပျော်ရွှင်ဖို့အတွက် အရာရာကို
ပေးဆပ်နေရတဲ့ သူတစ်ယောက်ဖြစ်နေခဲ့တယ်
ဆိုရင်တောင် နင့်အတွက် ငါ ပျော်ရွှင်နေမိတယ် .....

နင့်ကို ငါ ချစ်နေမိတဲ့အချစ်တွေက
နင်သာ ငါ့အနားရှိနေပေးမယ်ဆိုရင် တစ်ဘဝလုံးစာ
အထိ ငါ့ဘက်က လက်တွဲသွားရဲတဲ့သူပါ
ချစ်သူရယ်………




*** သင့် ချစ်သူအပေါ် အမှန်တစ်ကယ်ချစ်တယ်ဆိုရင် ***




သင့် ချစ်သူအပေါ် အမှန်တစ်ကယ်ချစ်တယ်ဆိုရင်

သူ့အပေါ် ဂရုစိုက်မှုလေးတွေနဲ့ တန်ဖိုးထားပေးပါ
ဥပေက္ခာပြုမှုတွေနဲ့ပဲ နာကျင်မှုတွေမပေးမိပါစေနဲ့

သူ စိတ်ညစ်နေတဲ့အချိန် …အားငယ်နေတဲ့အချိန်
သူ့အနား အားပေးမှုလေးတွေနဲ့ရှိနေပေးပါ
စိတ်မဝင်စားသလို အပြုအမူတွေ မပေးလိုက်မိပါစေနဲ့

သူ့အပေါ် ရိုးသားမှု …ပွင့်လင်းမှုလေးတွေနဲ့
သင့်ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပါ …တိုင်ပင်ပါ
သူ ဆိုတာ အရေးမပါသလို ရှောင်ဖယ်မထားမိပါစေနဲ့

သူ့ အခက်အခဲတွေအပေါ် ကိုယ့်ရဲ့ အခက်အခဲ
တစ်ခုလို ခံစားပေးပါ …သူ့အပေါ် နားလည်မှုလေး
တွေနဲ့ရှိနေပေးပါ …ကိုယ်ဖြစ်ချင်တာတွေကိုပဲ
ပုံသွင်းယူဖို့ မကြိုးစားလိုက်ပါနဲ့

သူ မှားနေတဲ့အခါ က်ုယ့်ဘက်က ခွင့်လွှတ်မှုလေး
တွေနဲ့ ပြုပြင်ပေးပါ …ကိုယ်မှားနေတဲ့အခါမှာလဲ
သူ့အတွက် ပြောင်းလဲ ပေးနိုင်အောင် ကြိုးစားပေးပါ

သူ့အပေါ် သစ္စာရှိတဲ့ချစ်ခြင်းတွေဖြစ်ဖို့
သူ့ရဲ့နောက်ကွယ်မှာလဲ သစ္စာမဲ့စေနိုင်တဲ့ အပြုအမူ
မျိုးတွေကို ရှောင်ကျဉ်ပေးလိုက်ပါ

တစ်ဘဝလုံးစာလက်တွဲသွားရဲ့တဲ့ စိတ်တွေ
သင့်မှာ သူ့အတွက် ရှိနေပေးတတ်ပါစေ…ဒါမှသာ
သာယာပျော်ရွှင်တဲ့ ဘဝသစ်တစ်ခုခုကို
အတူတူ တည်ဆောက်ခွင့် ရနိုင်မှာမို့ပါ

အမှန်တစ်ကယ်ချစ်တယ်…သူ့ကို အဆုံးရှုံးမခံနိုင်ဘူး
ဆိုရင်ပေါ့ …………





Sunday, April 13, 2014

(မင်း)

တလွဲစကားတွေနဲ့
အမြဲမှားတဲ့ငါ့ကြောင့်
နင့်ရဲ့အသဲတံခါးမှာလဲ
ပွဲစားတွေတရုန်းရုန်း
အမုန်းဆုံးသူကိုမှလက်ခံ
မနက်ဖြန်ဆိုတာဗလာနထ္ထိ
အလာခက်မိတဲ့ငါ့လိုကောင်ကို
ဘ၀ပြိုအောင်လုပ်တဲ့မင်း
စုတ်ပဲ့ခြင်းတွေနဲ့လေလွင့်
မနေသင်တော့တဲ့မင်းမရှိတဲ့ကမ္ဘာ
အရင်းထိနာတဲ့ငါ့အသည်းမို့ 
ဘ၀ဆွဲလို့တောင်မှတ်လိုက်မယ်
နောက်တစ်ခါနင့်ကို မချစ်တော့ဘူး ..........။
ထိုဟာလေးလိုချင်ရင်လာခဲ့ပါ