တလွဲစကားတွေနဲ့
အမြဲမှားတဲ့ငါ့ကြောင့်
နင့်ရဲ့အသဲတံခါးမှာလဲ
ပွဲစားတွေတရုန်းရုန်း
အမုန်းဆုံးသူကိုမှလက်ခံ
မနက်ဖြန်ဆိုတာဗလာနထ္ထိ
အလာခက်မိတဲ့ငါ့လိုကောင်ကို
ဘ၀ပြိုအောင်လုပ်တဲ့မင်း
စုတ်ပဲ့ခြင်းတွေနဲ့လေလွင့်
မနေသင်တော့တဲ့မင်းမရှိတဲ့ကမ္ဘာ
အရင်းထိနာတဲ့ငါ့အသည်းမို့ 
ဘ၀ဆွဲလို့တောင်မှတ်လိုက်မယ်
နောက်တစ်ခါနင့်ကို မချစ်တော့ဘူး ..........။
No comments:
Post a Comment
ရိုင်းစိုင်းသော comment များမပေးရန်တောင်းဆိုပါသည်