!-kp3နည်းပညာ-http:>
Thursday, March 13, 2014
ရပိုင်ခွင့်နှင့် ရောင့်ရဲပါ
ရပိုင်ခွင့်နှင့် ရောင့်ရဲပါ
///////////////////////
* ကိုယ့်ရပိုင်ခွင့်ကို ကျေနပ်ပါ။ * ရှေးဘဝက ကုသိုလ်ကံပေါ်မူတည်၍ ဤဘဝ၌မတူညီသော ရပိုင်ခွင့်များကို ရရှိကြပေသည်။
* ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ပါက သူများရပိုင်ခွင့်ကို လိုချင်ကြ၏။
* ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ခြင်းသည် အကုသိုလ်များကိုသာဖြစ်စေ၏။
* လူဖြစ်ခြင်းသည် ရပိုင်ခွင့်ဖြစ်သည်။ လူဖြစ်အောင် ကုသိုလ်လုပ်ခဲ့ရသည်။
* သာသနာနှင့် ဆုံခြင်းသည် ရပိုင်ခွင့် သာသနာနှင့် ဆုံအောင် ကုသိုလ်တွေလုပ်ခဲ့ရသည်။
* တရားဓမ္မနှင့် ကြုံဆုံခွင့်ရခြင်းသည် ရပိုင်ခွင့် တရားဓမ္မနှင့် ကြုံဆုံခွင့်ရအောင်ကုသိုလ်ပြုခဲ့ရသည်။
* အချိန်တိုင်း ရပိုင်ခွင့်ကို ကျေနပ်ပါ။
* စိတ်ချမ်းသာလိုလျှင် မိမိရပိုင်ခွင့်နှင့် ကျေနပ်ပါ။
* အလုပ်ကို ရောင့်ရဲသူသည် ပျင်းရိသူဖြစ်သည်။
* ရပိုင်ခွင့်ကို ရောင့်ရဲသူသည် တရားရှိသူဖြစ်သည်။
- ဓမ္မဒူတအရှင်ဆေကိန္ဒ ဆရာတော်
လေးအိမ်စုအရှင်ဝိစိတ္တသာရ၏ စကားလက်ဆောင်တရားလက်ဆောင်စာမျက်နှာ
(၇၈ ) မှ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ရိုင်းစိုင်းသော comment များမပေးရန်တောင်းဆိုပါသည်