အလွမ်းခရီးသည်ဘလော့ဆိုဒ်လေးမှကြိုဆိုပါတယ် လာလယ်တဲ့စာပေချစ်သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ် facebook link လေးကတော့ http://www.facebook.com/alwankhayeetal ပါ အလွမ်းခရီးသည်များနားခိုရာအဖွဲ့ ကိုလာလယ်ချင်ရင်တော့ https://www.facebook.com/groups/alwankhayeetalnarkoyar/ပါခင်ဗျာ
http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif
MSN Icon Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon
http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif
★♥အလွမ်းခရီးသည်မှ| | |စာပေချစ်သူများကို| | |နွေထွေးစွာကြိုဆိုပါတယ်★♥
"အလွမ်းခရီးသည်"
Facebook စာမျက်နှာသို့ လာလယ်ရန်
"အလွမ်းခရီးသည်များနားခိုရာ"
အဖွဲ့ သို့ လာလယ်ရန်
Showing posts with label ကဗျာ အလွမ်း. Show all posts
Showing posts with label ကဗျာ အလွမ်း. Show all posts
Wednesday, July 31, 2013
မှတ်တိုင်
အတိတ်က ကောင်မလေးရေ..
မင်းနဲ့ လမ်းခွဲပြီးနောက်
ငါ့ခံစားချက်ကို လူတွေကငါ့နောက်ကွယ်ကနေ
ငါ့ကိုလှောင်ကြတယ်
သူဟာ……. ရွက်မဲ့သစ်ပင်တဲ့
သူဟာ……. သဲပွင့်များနဲ့ သီကုံးထားတဲ့ ကန္တာရ တဲ့
သူဟာ……. မ၀တ၀ရှိတဲ့ ဦနှောက်တဲ့
သူဟာ……. ကြိုးမဲ့လေတံခွန်တဲ့
သူဟာ…….တောင်ကျိုးငှက်တစ်ကောင်တဲ့
(ဟူးးးးးးးးးးးးးးးးးးးးးးးးး)
သူတို့ အစားမောလှပါတယ် ကောင်မလေးရယ်…..
ကောင်မလေးရေ..
ငါမင်းအတွက်ခံယူထားတာကရိုးရိုးလေးပါကွာ
(ဒကယ်တော့)
ငါဟာ သက္ကရာဇ်တွေပြိုလဲသွားတဲ့
(နင့်ရဲ့ ) အတိတ်ကမှတ်တိုင်လေးတစ်ခု ပါ
(ငါ့ခံစားချက်ကို မင်းတောင်နားမလည်သေးတာ
လူအချို့ ကလည်း ဘယ်နားလည်နိုင်မလဲနော်)
Saturday, July 20, 2013
အသနားခံခြင်း
ဝန်ခံခွင့်ပြု့ ပါ ။ ၀န်ခံပရစေ။
ကိုယ်ဟာစိတ်ကူးယဉ်ဆန်တက်တဲ့သူပါ……
သူမရဲ့ ဟန်တွေ က…….
ကျနော့ နှလုံးသားကို ရိုက်ခက်လာလို့ ပါ။
ရှင်းပြခွင့်ပြု့ ပါ ။ ရှင်းပြပရစေ။
ကိုယ်ဟာ ငယ်ရွယ်သူပါ
အရာရာကို စိတ်လိုက်မာန်ပါ လုပ်တက်လို့ ပါ။
အမှတ်မထင်တိုက်ခိုက်လိုက်တဲ့ 
အစိမ်းရောင်စကားကြောင့်
ကိုယ့်အသက်ကို လောင်း ကစားလုပ်လိုက်နိုင်လို့ ပါ။
တောင်းဆိုတာပါ ။ တောင်းဆိုပရစေ။
(နှလုံးသားရေ…….)
မချစ်ရဲ့ ဘဲနဲ့ …………….မချစ်ပါနဲ့ 
မလွမ်းရဲဘဲနဲ့ …………..မလွမ်းပါနဲ့ 
မနီးဘဲနဲ့ ………………..မဝေးခိုင်းပါနဲ့ 
ဒါဟာ………………………..
ကိုယ့်ကို သိမ်ငယ်စေလို့ ပါ
ကိုယ့် ဘ၀ပျက်မှာမို့ လို့ ပါ
Thursday, September 13, 2012
အိမ်မက်တစ်ခုရဲ့ လွမ်းချင်း
အာရုဏ်ဦးတံခါးသစ်ကိုဖွင့်လှစ်ဖို နှိုးထကြည့် တဲ့အခါ နင်မရှိတဲ့အသိက ရုန်းထွက်ခက်ပါပြီ ဒီဘ၀မှာနိုးထခွင့်မပြုပါနဲ့ တော့လားကမ္ဘာမြေရယ် ဒီထက်ဆိုးဝါးတဲ့ကျိန်စာ ငါ့အတွက်မရှိတော့ပါဘူး ချစ်သူ........ ငါတို့ ဆုံတွေ့ ခြင်းဟာ ကောက်ရိုးမီးလို ဟုန်းဟုန်းတောက် တစ်ခနပါပဲ အမှန်တော့မင်းက နှောင်ဖွဲ့ ခဲ့တာမဟုတ်ပါဘူး ငါကိုယ်တိုင်ကိုအမှတ်တရ စိုက်ခင်းဖွဲ့ ခဲ့တာပါ ငါ့ကိုတားဆီးဖို့ မကြိုးစားပါနဲ့တော့ ငါလာနေပြီ....... ငါမင်းအတွက်ကျရှုံးဖို့ အသင့်ပါပဲ... သခင်မရယ်........ ငါ့ဘ၀ကိုအမိန့် ချပါတော့ ငါ့အချစ်ကိုတော့ဆက်လက်စောင့်ရှောက်ပါ.. မင်းအတွက်ဆိုငါ့ကိုဆက်လက်ရှင်သန်ခွင့်ပြုပါ အမုန်းတရာအတွက်ဆိုငါ့ဘ၀ကိုအဆုံးသတ်လိုက်ပါတော့ ချစ်သူ............. မထင်မှတ်ပဲတိုက်ခိုက်ခံလိုက်ရတဲ့ငါ့ရင်ခွင်မြိုပျက်ကြီးဟာ ၀ိုင်းနက်နက်မျက်လုံးတစ်စုံအောက်မှာ ပြုတ်ကျခဲ့ပါပြီ...... ကြားခံဘူတာတွေများလွန်တဲ့ အဝေးကမီးအိမ်ရှင်မလေးရေ........... ပြန်ဆုံနိုင်ခွင့်သံလမ်းဟာတိုလွန်းတော့ ငါ့အလွမ်းရထားလေး သတိရခြင်းမြို့ မှာဆိုက်ကပ်ထားရပါတယ်ကွယ် ပြန်လာပါတော့..............................
ထိုဟာလေးလိုချင်ရင်လာခဲ့ပါ