!-kp3နည်းပညာ-http:>
Thursday, September 13, 2012
အိမ်မက်တစ်ခုရဲ့ လွမ်းချင်း
အာရုဏ်ဦးတံခါးသစ်ကိုဖွင့်လှစ်ဖို နှိုးထကြည့် တဲ့အခါ
နင်မရှိတဲ့အသိက ရုန်းထွက်ခက်ပါပြီ
ဒီဘ၀မှာနိုးထခွင့်မပြုပါနဲ့ တော့လားကမ္ဘာမြေရယ်
ဒီထက်ဆိုးဝါးတဲ့ကျိန်စာ ငါ့အတွက်မရှိတော့ပါဘူး
ချစ်သူ........
ငါတို့ ဆုံတွေ့ ခြင်းဟာ ကောက်ရိုးမီးလို
ဟုန်းဟုန်းတောက် တစ်ခနပါပဲ
အမှန်တော့မင်းက နှောင်ဖွဲ့ ခဲ့တာမဟုတ်ပါဘူး
ငါကိုယ်တိုင်ကိုအမှတ်တရ စိုက်ခင်းဖွဲ့ ခဲ့တာပါ
ငါ့ကိုတားဆီးဖို့ မကြိုးစားပါနဲ့တော့
ငါလာနေပြီ.......
ငါမင်းအတွက်ကျရှုံးဖို့ အသင့်ပါပဲ...
သခင်မရယ်........
ငါ့ဘ၀ကိုအမိန့် ချပါတော့
ငါ့အချစ်ကိုတော့ဆက်လက်စောင့်ရှောက်ပါ..
မင်းအတွက်ဆိုငါ့ကိုဆက်လက်ရှင်သန်ခွင့်ပြုပါ
အမုန်းတရာအတွက်ဆိုငါ့ဘ၀ကိုအဆုံးသတ်လိုက်ပါတော့
ချစ်သူ.............
မထင်မှတ်ပဲတိုက်ခိုက်ခံလိုက်ရတဲ့ငါ့ရင်ခွင်မြိုပျက်ကြီးဟာ
ဝိုင်းနက်နက်မျက်လုံးတစ်စုံအောက်မှာ ပြုတ်ကျခဲ့ပါပြီ......
ကြားခံဘူတာတွေများလွန်တဲ့ အဝေးကမီးအိမ်ရှင်မလေးရေ...........
ပြန်ဆုံနိုင်ခွင့်သံလမ်းဟာတိုလွန်းတော့
ငါ့အလွမ်းရထားလေး သတိရခြင်းမြို့ မှာဆိုက်ကပ်ထားရပါတယ်ကွယ်
ပြန်လာပါတော့..............................
အမျိုးအစား
ကဗျာ အလွမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ရိုင်းစိုင်းသော comment များမပေးရန်တောင်းဆိုပါသည်