ငါ့ကိုမကြေညာပဲ
ငါဆင်နွဲ လိုက်ရတဲ့ အစိမ်းရောင်
စစ်ပွဲတစ်ခုမှာ……………..
ငါ့ဝဲဘတ်ရင်အုံတစ်ခုလုံးပြာကျသွားရင်တောင်
ဒီလောက်နာကျင်မယ်မထင်ဘူး
အခုတော့
ဝေးကွာလွန်းတဲ့
ဘ၀နှစ်ခုကြားမှာ
မာနနဲ့ အတ္တတွေကို
လက်နက်ဖြစ်အသုံးချပြီး
ငါ့ရင်ကို
ဆုံးမသွားတော့
အလွမ်းငွေ
့တလူလူနဲ့ 
နာကျင်ရတာ
ခက်လှပါတယ်
နီးစပ်ခွင့်
မပေးတဲ့ အပြုံးပိုင်ရှင်ရယ်……………….။
No comments:
Post a Comment
ရိုင်းစိုင်းသော comment များမပေးရန်တောင်းဆိုပါသည်