အလွမ်းခရီးသည်ဘလော့ဆိုဒ်လေးမှကြိုဆိုပါတယ် လာလယ်တဲ့စာပေချစ်သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ် facebook link လေးကတော့ http://www.facebook.com/alwankhayeetal ပါ အလွမ်းခရီးသည်များနားခိုရာအဖွဲ့ ကိုလာလယ်ချင်ရင်တော့ https://www.facebook.com/groups/alwankhayeetalnarkoyar/ပါခင်ဗျာ
http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

MSN Icon Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

★♥အလွမ်းခရီးသည်မှ| | |စာပေချစ်သူများကို| | |နွေထွေးစွာကြိုဆိုပါတယ်★♥

"အလွမ်းခရီးသည်"

Facebook စာမျက်နှာသို့ လာလယ်ရန်

"အလွမ်းခရီးသည်များနားခိုရာ"

အဖွဲ့ သို့ လာလယ်ရန်

Saturday, August 11, 2012

အရမ်းချစ်ရသေးသူငယ်ချင်းမလေး

“ဟို...အရင်ကတည်းက ချစ်ခဲ့တာပါ....”
ဒါပေမဲ့ ငါပြောမထွက်ခဲ့ဘူး....
အခုပြောထွက်တော့မဲ့အချိန်မှာ
နင်ဟာ တခြားတယောက်နဲ့ပါလား..သူငယ်ချင်းရယ်...”
...ကျနောဘ၀မှာ..အချစ်ကြောင်းရေးတဲ့ ကဗျာတွေကိုယ် စရေးတက်
တဲ့အချိန်ကတည်းက တိတ်တခိုးနဲ့ ချစ်ခဲ့ရတဲ့ သူငယ်ချင်းမလေး
တယောက်ရှိဖူးခဲ့ပါတယ်...အချစ်ဦးသူလေးဆိုတော့ ရူးရူးမူးမူးပါပဲဗျာ
ဒါပေမဲ့ ကျနော သူ့အပေါ်တခြားစကားတွေသာဖောင်းဖွဲ့အောင်ပြောနေ
ပေမဲ့..“နင့်ကိုယ်ငါအရမ်းချစ်တယ်”ဆိုတဲ့စကားကိုယ် ကျနောပါးစပ်က
ထွက်ကျမလာခဲ့ဘူး...ကျနော ဖွင့်ပြောလိုက်ရင်သူမုန်းသွားမှာ ကြောက်
လို့ပါ.....
“သူမကိုယ် ကျနောချစ်တာဟာ ရုပ်ဒြပ်ဖွဲ့စည်းသက်သက်ကိုယ်
ချစ်ခဲ့တာ မဟုတ်ပါဘူး..သူမ ရူရိုက်ရာလေညင်းကိုယ်လဲ ချစ်တယ်
သူမ နင်းလျှောက်ရာ မြေကြီးကိုယ်လည်း ချစ်တယ်....
သူမ အတွက်ဆို အရာရာ စတေးရဲသူပါ...
မချစ်ရင် ခိုးမကြည့်ပါဘူး...သူငယ်ချင်းရယ်...”
ကျောင်းတွေ ပြီးလို့ အလုပ်ကိုယ်စီဝင်ရတဲ့ အချိန်မှာ သူမက ကုမ္မဏီ ၀န်ထမ်း
တယောက်ဖြစ်သွားခဲပပါတယ်...ကျနောနဲ့ ကွဲသွားခဲ့ပါတယ်...
ကိုယ်အလုပ်နဲ့ကိုယ် မေ့မေ့ပျောက်ပျောက်ဖြစ်နေချိန်မှာ တနေ့ကျနော
လုံးဝမထင်ထားတဲ့ သတင်းတခု ကြားလိုက်ရပါတယ်..သူမှာ
ချစ်သူရှိနေပြီတဲ့...ကျနော ပါးပြင်မှ ပူနွေးနွေးအရာတွေ
စီးကျလာခဲ့တယ်..ယုံကြည်အားကိုးမိသူကိုယ်အလဲထိုးရက်တယ်လို့ငါ
မပြောချင်တော့ပါဘူး...“အော်..နင့်အတွက် ငါမျက်ရည်တွေကျတက်
နေပြီ..သူငယ်ချင်းရေ”....
သူကျနော့ကိုယ် သူချစ်သူနဲ့ မိတ်ဆက်ပေးပါတယ်..ရည်ရည်မွန်မွန်
လေးပါ...သူငယ်ချင်းမျက်နှာမှာ အပြုံးတွေ တွေ့နေရတယ်..ကျနော
ရင်ထဲက ဘယ်လောက်နာနာ သူပျော်နေတဲ့ မျက်နှာလေးကိုယ်ကြည့်
ပြီး..ကျလဲ ပျော်နေမိခဲ့တယ်...
“သူငယ်ချင်းရယ်..ငါရင်ကွဲခံပြီး နင့်အပေါ်ပေးဆပ်ခဲ့တာဟာ
ဘာမျှော်လင့်ချက်မှ မရှိပါဘူး..နင့်ကိုယ်ငါ အရမ်းချစ်လို့ပါ”....
တနေ့ ကောင်လေးက လာပြောတယ်..အကိုတဲ့ကျနောနဲ့ သူချစ်နေကြ
တာ သူ့အိမ်က သိသွားပြီးတဲ့ သူ့ကိုယ်အရမ်းတွေ့ချင်တယ်ဗျာ..
ဖြစ်နိုင်မယ်ဆိုရင်..ကျနောကိုယ် ချိန်းပေးပါလားတဲ့...အားးဆိုးလိုက်တဲ့
ကြမ္မာရယ်...ရင်ခွဲရုံမက..ဆားနဲ့ပါ လာပတ်နေသေးတယ်...ဟူးး
ကျနော ကိုယ်တိုင် သူ့မိဘတွေ ဆီကလိမ်ခေါ်ခဲ့ပြီး တွေ့ပေးခဲပါတယ်
သူငယ်ချင်းရယ်..နင်ပျော်ရင် ငါပျော်တယ်..နင်ဝမ်းနည်းနေရင်
ငါငိုချင်တယ်..နင်နဲ့ငါအတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုယ်ကြည့်
ပြီး အရူးတယောက်လို စကားတွေ တယောက်တည်းပြောနေခဲ့တာ နင်
မသိပါစေနဲ့တော့....
နင်ပျော်ရွှင်ပါစေ..အဆင်ပြေနိုင်ပါစေ...
အားလုံးကျေးဇူးတင်ပါတယ်နော..ကျနော ချစ်ရသော သူငယ်ချင်းမလေး တယောက်အတွက်ပါ......
“မဆုံနိုင်တော့ပြီးဆိုတဲ့ အသိစိတ်က
ရင်တွင်းအထိ လှိုက်စား ဒါဏ်ရာများနဲ့
အိပ်ပျက်ခဲ့ရတဲ့ ညတွေကလဲ များနေပါပြီ
သူငယ်ချင်းရယ်...
ဖြစ်နိုင်မယ်ဆိုရင်လေ ငါ့ရင်ထဲက နင့်ကိုယ်
အရမ်းချစ်တဲ့ အကြောင်းတွေကိုယ် နင်သိအောင်
ဖွင့်ပြောလိုက်ချင်ပေမဲ့ မတူညီတဲ့ဘ၀နှစ်ခုအကြား
နင် အိပ်ရေးမပျက်စေချင်တာ ငါ့စေတနာပါဟာ...
ဒါနဲ့ပဲ ငါ့သံယောဇဉ်ကိုယ် လောင်စာအဖြစ်အသုံးပြုရင်း
တရိပ်ရိပ်တောက်လောင် ရင်တစုံးလုံး မီးညွန့်တလူလူထလို့
သူငယ်ချင်းရယ်....
ဝေဒနာတွေကိုယ်မျိုသိပ့်အဖြူရောင် စည်းတဖတ်ကပဲဆုတောင်းတေပါတော့မယ်...
ဒီအကြောင်းတွေ နင်မသိပါစေနဲ့လို့ပေါ့.......

1 comment:

ရိုင်းစိုင်းသော comment များမပေးရန်တောင်းဆိုပါသည်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ