!-kp3နည်းပညာ-http:>
Saturday, August 18, 2012
မေတ္တာသံယောဇဉ်
ဘယ်လောက်ပဲ ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းဖြစ်ဖြစ်
တစ်ယောက်တစ်နေရာစီဝေးသွားတဲ့အခါ
သံယောဇဉ် တဖြေးဖြေးပါးလာတတ်တယ်
နှစ်ယောက်သား စိတ်ပြောင်းသွားတာမဟုတ်ဘူး
တစ်ယောက်ကိုတစ်ယောက် မခင်မင်၊ မရင်းနှီးတော့တာလည်း မဟုတ်ဘူး
အနေဝေးလို့ စိတ်ခံစားချက်ကို အတူမမျှဝေနိုင်တော့လို့ဖြစ်တယ်။
ဝေးကွာလွန်းလို့ "နေကောင်းလား! အဆင်ပြေလား!"ဆိုတဲ့
နှုတ်ဆက်စကားပဲ ပြောနိုင်ခဲ့တယ်။
ဒါလည်း ကောင်းပါတယ်...
အနည်းဆုံးတော့ တစ်ယောက်ကိုတစ်ယောက် ငါတို့ မမေ့ခဲ့ကြသေးပါဘူး။
.
ကြီးပြင်းရာလမ်းတလျောက်မှာ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်က ဘဝရဲ့မြေသြဇာပါ... ဘဝတစ်ခု ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းရှင်သန်ဖို့ ဒီမြေသြဇာတွေက မရှိမဖြစ်လိုအပ်ပါတယ်
အမျိုးအစား
ခံစားချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ရိုင်းစိုင်းသော comment များမပေးရန်တောင်းဆိုပါသည်