(ခေါင်းစဉ်မဲ့  အလွမ်း)
အိမ်မက်က
လန့် နိုးတော့ နင်မရှိတော့တဲ့
အတွေးကရင်ထဲကိုပြေးဝင်လာသဉ်။
ဒါအိမ်မက်မဟုတ်ဘူး
တကယ်အဖြစ်တစ်ခု…
အရာရာအားလုံးတိတ်ဆိတ်နေပေမဲ့
ရင်ခုန်သံကတော့ဆူညံခြင်းတွေနဲ
့
သတိရခြင်းကိုအံတု
လွမ်းဆွေးခြင်းကို
အောင်နိုင်ဖို
့ဆိုတာငါ့အတွက် အဆိပ်တစ်ခွက်ပါ။
ဖြစ်သမျှကိုအကုန်မေ
့ဖို့ ဆိုတာ..
ရင်ခွင်ထဲမှာအားမရှိတဲ့ဓာတ်ခဲလိုပဲ
နင်မရှိတော့ဘူးဆိုတာ
ငါ့အတွက်
ဘယ်လို
မှမယုံနိုင်ဘူး
သတိရပါတယ်ချစ်သူ….။
နင်က အဝေးကြီးကိုထွက်သွားတာလဲမဟုတ်
ငါ့အနီးမှာလဲမဟုတ်နဲ
့
လူတွေရဲ
့လက်ကမ်းတစ်ဖက်မှာရှိတဲ့သေခြင်း
တရားလမ်းကိုပြေးထွက်သွားတာ
ရက်စက်တယ်ချစ်သူ………………
ငါလို
့ကောင်ကအမြဲမှားနေတက်တယ်
ဟုတ်တယ်
အဲ့လိုမှားတဲ့အခါတိုင်း
ခွင့်လွှတ်နားလည်တက်တဲ့ချစ်သူ
မရှိတော့တာငါ့အတွက်ကျိန်စာတစ်ခု
မိထားသလိုပဲ……..
နင်ခွင့်မလွှတ်လိုက်ပါနဲ
့ ချစ်သူ
နင်ဟာ ငါ့ရဲ
့အမြဲမှားတက်တဲ့ အပြစ်ကြောင့်
ဒီလို ဖြစ်ခဲ့ရတာပါ…….
နင်မရှိတော့တဲ့ဒီကမ္ဘာကြီးမှာ
ငါအသက်ရှင်နေပေမဲ့
ငါ့အချစ်တစ်ခုသေဆုံးခဲ့ပါပြီ…..
နောက်ထပ်ချစ်ခြင်းဆိုတာလဲ
နောင်ဘ၀မှာနင်နဲ
့ပြန်ဆုံမှ ပြန်လည်နိုးထလာလိမ်မယ်…
No comments:
Post a Comment
ရိုင်းစိုင်းသော comment များမပေးရန်တောင်းဆိုပါသည်