တစ်ချိန်တုန်းက…
လျှောက်ခဲ့တယ်မိုးစက်တွေကြားက
တောင်ပေါ်လမ်းကလေး
ပခုံးအထက်ကချစ်သူရဲ့ 
အနမ်းများစွာနဲ့ ပေါ့ အဝေးက
သွယ်တန်းယှတ်နွယ်နေတဲ
တာင်တန်းများကလဲတယောထိုးခန်းပြနေသလို…….
ပျာ်ရွှင်မူ့ တွေတပွေ့ တပိုက်နဲ့ 
ချမ်းအေးလွန်းပေမဲ့ 
နွေးထွေးတဲ့ချစ်သူရဲ့ 
အပြုံးတွေကကိုယ်ဘ၀အတွက်
ပြည်စုံခြင်းတွေ့ ပေါ့
!-kp3နည်းပညာ-http:>
Saturday, November 3, 2012
Wednesday, October 31, 2012
ကျေးဇူးပါဖေဖေ
ကျေးဇူးပါဖေဖေ
ကျေးဇူးပါဖေဖေ
- ရင်မှာဖြစ်တည် ၊ သမီးလေးကို
မွန်မြတ်ဖြူစင် ၊ ဥယျာဉ်မှုးနှယ်
ပျိုးထောင်ပြုစု ၊ စိတ်တွင်ရည်စုး
ပညာတတ်ကြီး ၊ ငါ့သမီးဟု
ဇောစိတ်ရည်သန် ၊ အားခဲထားသည်။
မွန်မြတ်ဖြူစင် ၊ ဥယျာဉ်မှုးနှယ်
ပျိုးထောင်ပြုစု ၊ စိတ်တွင်ရည်စုး
ပညာတတ်ကြီး ၊ ငါ့သမီးဟု
ဇောစိတ်ရည်သန် ၊ အားခဲထားသည်။
- မိုးလင်းမိုးချူပ် ၊ နဖူးမှချွေး
ခြေမကျလျှက် ၊ မောဟိုက်ပင်ပန်း
အပြုံးမပျက် ၊ ဟန်ဆောင်ထိန်းရင်း
ချစ်လှစွာသော ၊ ထိုသမီးကို
ပညာ့ဂုဏ်ရည် ၊ အပ်နှင်းလေ၏။
ခြေမကျလျှက် ၊ မောဟိုက်ပင်ပန်း
အပြုံးမပျက် ၊ ဟန်ဆောင်ထိန်းရင်း
ချစ်လှစွာသော ၊ ထိုသမီးကို
ပညာ့ဂုဏ်ရည် ၊ အပ်နှင်းလေ၏။
- ဘ၀အမော ၊ သောကပူပင်
အရိပ်ယောင်ပင် ၊ ရှေ့ဝယ်မပြ
ငါ့သမီးလေး ၊ ငြိုငြင်ပူပန်
စိတ်လေလွင့်လျှက် ၊ အာရုံပျက်မည်
အံ့လောက်ပါသည် ၊ အဖေ့စိတ်ရည်။
အရိပ်ယောင်ပင် ၊ ရှေ့ဝယ်မပြ
ငါ့သမီးလေး ၊ ငြိုငြင်ပူပန်
စိတ်လေလွင့်လျှက် ၊ အာရုံပျက်မည်
အံ့လောက်ပါသည် ၊ အဖေ့စိတ်ရည်။
- မြင့်မိုရ်တောင်ဦး ၊ ကျေးဇူးမက
ဝပ်တွားဂုဏ်အင် ၊ ဖေ့စိတ်ရည်ကို
ကြည်ညိုစွာဖြင့် ၊ ဦးထိပ်ဆင်လျှက်
လောကအလယ် ၊ ယုံကြည်ဆက်လှမ်း
အားသစ်ပွားလျှက် ၊ ဖေ့ကျေးဇူးနှင့်
ကြိုးစားလျှောက်လှမ်း ၊ ၀ံ့ရဲလေပြီ
ို ထိုလင်္ကာဖြင့် ၊ တုနှိုင်းအပ်သည်
ကျေးဇူးပါဖေဖေ။ ။
ဝပ်တွားဂုဏ်အင် ၊ ဖေ့စိတ်ရည်ကို
ကြည်ညိုစွာဖြင့် ၊ ဦးထိပ်ဆင်လျှက်
လောကအလယ် ၊ ယုံကြည်ဆက်လှမ်း
အားသစ်ပွားလျှက် ၊ ဖေ့ကျေးဇူးနှင့်
ကြိုးစားလျှောက်လှမ်း ၊ ၀ံ့ရဲလေပြီ
ို ထိုလင်္ကာဖြင့် ၊ တုနှိုင်းအပ်သည်
ကျေးဇူးပါဖေဖေ။ ။
ဆုရတီနွယ်
မှတ်ချက်။
မှတ်ချက်။
။ဖေဖေ့အား ကာယကံ၊၀ဇီကံ၊မနောကံတို့မှ တစ်ပါးပါးသောကံဖြင့်ပြစ်မှားမိခဲ့သည်ရှိသော်
ဝန်ချတောင်းပန်ရှစ်ခိုးကန်တော့ပါသည်။
ဝန်ချတောင်းပန်ရှစ်ခိုးကန်တော့ပါသည်။
အမျိုးအစား
ရသ
မောင့်အတွက်နော်
မောင့်အတွက်နော်
မောင့်အတွက်
မောင်
ထားခဲ့မှာကြိုသိလို့
လက်ဦးလိုက်တာပါ
မချစ်လို့မဟုတ်ပါဘူး...
မောင်
ခွဲခွာရမှာကြောက်လို့
ပြတ်သားခဲ့မိတာပါ
အရင်မဖြတ်ခဲ့ပါဘူး...
မောင်
ဝေးလွင့်သွားမှာစိုးလို့
လွှတ်ချလိုက်တာပါ
လေစိမ်းမတိုက်ခဲ့ပါဘူး...
မောင်
မကြင်နာလိုက်ရတဲ့ပါးပြင်
ထာဝရမတမ်းတချင်လို့
အနမ်းမခြွေခဲ့တာပါ
မမက်မောခဲ့လို့မဟုတ်ဘူး...
မောင်
သံသရာတစ်ကွေ့မှာ
ပြန်ဆုံတွေ့ခဲ့ရင်
နားလည်မှုထပ်တူကျဖို့
တောင်းဆုတွေခြွေရင်း
တောင်းဆုတွေခြွေရင်း
မောင့်အတွက်မေ
ဆုတောင်းပါတယ်မောင်...
ဆုရတီနွယ်
အမျိုးအစား
ကဗျာ
Subscribe to:
Posts (Atom)
