မောင့်အတွက်နော်
မောင့်အတွက်
မောင်
ထားခဲ့မှာကြိုသိလို့
လက်ဦးလိုက်တာပါ
မချစ်လို့မဟုတ်ပါဘူး...
မောင်
ခွဲခွာရမှာကြောက်လို့
ပြတ်သားခဲ့မိတာပါ
အရင်မဖြတ်ခဲ့ပါဘူး...
မောင်
ဝေးလွင့်သွားမှာစိုးလို့
လွှတ်ချလိုက်တာပါ
လေစိမ်းမတိုက်ခဲ့ပါဘူး...
မောင်
မကြင်နာလိုက်ရတဲ့ပါးပြင်
ထာဝရမတမ်းတချင်လို့
အနမ်းမခြွေခဲ့တာပါ
မမက်မောခဲ့လို့မဟုတ်ဘူး...
မောင်
သံသရာတစ်ကွေ့မှာ
ပြန်ဆုံတွေ့ခဲ့ရင်
နားလည်မှုထပ်တူကျဖို့
တောင်းဆုတွေခြွေရင်း
တောင်းဆုတွေခြွေရင်း
မောင့်အတွက်မေ
ဆုတောင်းပါတယ်မောင်...
ဆုရတီနွယ်
No comments:
Post a Comment
ရိုင်းစိုင်းသော comment များမပေးရန်တောင်းဆိုပါသည်