တည်ငြိမ်စပြုနေတဲ့
ငါ့နှလုံးသားကို
မိနစ်အတွင်းပိုင်းမှာ
မုန်တိုင်းထန်စေတယ်
မကြားရမနေနိုင်တဲ့သူမအသံ
နားထဲကြားယောင်ဆဲ့
ယုံဖို့ခက်တဲ့ကြားထဲက
အလိုလိုဦးညွတ်ပြီးသား
နှလုံးသားက အချိန်မတန်သေးလည်း
အမြဲကခုန်နေတက်တယ်
ဘယ်လောက်အမှားလုပ်လုပ်
အချိန်တန်လာရင်
ခနလေးအတွင်းမှာ ခွင့်လွှတ်ပြီးသား
မာကျောတဲ့စိတ်တွေ
ပျော့ပြောင်းစေတယ်
ခွင့်လွှတ်တက်လာတယ်
မျက်ရည်တွေကျလာတက်တယ်
သူမကတိထပ်ခါထပ်ခါ
ပေးထားတယ်
ခွဲမသွားဘူးတဲ့ သံသယတွေ
မရှိတော့ဘူးလို့တွေးပေမဲ့
စိုးရိမ်စိတ်လေးခနခနဝင်မိတယ်
ကဲ့
ကျနော်တော့
သူဘယ်လောက်ဆိုးဆိုး
အလှပဆုံးအိမ်မက်တွေကို
ဖန်တီးတက်လာတယ်
အလှပဆုံးစိတ်ကူးတွေရှိ
လာတာဟာ
အချစ်လို့ခေါ်သလားဗျာ
No comments:
Post a Comment
ရိုင်းစိုင်းသော comment များမပေးရန်တောင်းဆိုပါသည်