တသက်မှာတစ်ယောက်ပဲ
ချစ်ခဲ့ရသူရေ့
ငါ့ဘဝမင်းကြောင့် အလင်းတွေရခဲ့သလို
တခါတစ်ရံမှောင်မိုက်ခဲ့တယ်
မင်းလက်ကိုဆွဲ မိုးကုတ်စက်ဝိုင်းကို
အတူတူသွားမယ်
တိမ်တွေပေါ်အတူပြေးလွှား
ဆော့ကစားမယ်
တခါတစ်ရံမင်းစိတ်ကောက်မယ်
တချိန်ချိန်စကားတွေများမယ်
အသက်တွေကြီးအိုမင်းလာတဲ့အခါ
ဘုရားသွားအတူဆေးပေးမီးယူ
ငါအနားမှာမင်းရှိမယ်
ငါမက်ခဲ့တဲ့အိမ်မက်လေးတွေ
တစ်နေ့ဖြစ်ပါစေကွယ်
No comments:
Post a Comment
ရိုင်းစိုင်းသော comment များမပေးရန်တောင်းဆိုပါသည်