နှလုံးသားရဲ့  အရင်းနှီးဆုံး သူငယ်ချင်း
ဦးနှောက် ရဲ့  ပျော်တော်ဆက်
ဝမ်းနည်းမှု ရဲ့  ပုံ ဖော် ရာ
ဝမ်းသာမှု ရဲ့  ဟစ်ကြွေးမှု
ခံစားချက်ရဲ့  တီးတိုးဖော်
သီချင်းကြောင့်
ကဗျာစာသား လှလှလေး တွေ ထွက်လာတယ်
လူတယောက်ကို ပို ပြီး သတိရစေတယ်
အတိတ်ကို ပြန်ပြီး ပုံဖော်မိစေတယ်
ဘယ်သူခေါ်တာမှမကြားနိုင်အောင် တခဏ ငြိမ်သက်စေတယ်
သီချင်းက
သင့် အတွေးထဲမှာ အနာဂတ်ကို ရုပ်လုံးကြွအောင်လည်း ပုံဖော်ပေးတယ်
No comments:
Post a Comment
ရိုင်းစိုင်းသော comment များမပေးရန်တောင်းဆိုပါသည်