အလွမ်းခရီးသည်ဘလော့ဆိုဒ်လေးမှကြိုဆိုပါတယ် လာလယ်တဲ့စာပေချစ်သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ် facebook link လေးကတော့ http://www.facebook.com/alwankhayeetal ပါ အလွမ်းခရီးသည်များနားခိုရာအဖွဲ့ ကိုလာလယ်ချင်ရင်တော့ https://www.facebook.com/groups/alwankhayeetalnarkoyar/ပါခင်ဗျာ
http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

MSN Icon Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

★♥အလွမ်းခရီးသည်မှ| | |စာပေချစ်သူများကို| | |နွေထွေးစွာကြိုဆိုပါတယ်★♥

"အလွမ်းခရီးသည်"

Facebook စာမျက်နှာသို့ လာလယ်ရန်

"အလွမ်းခရီးသည်များနားခိုရာ"

အဖွဲ့ သို့ လာလယ်ရန်

Wednesday, January 9, 2013

အပျော်တစ်ဝက်နဲ့  ၀မ်းနည်းရတယ်ဆိုတာဒါပဲထင်တယ်



အပျော်တစ်ဝက်နဲ့ ဝမ်းနည်းရတယ်ဆိုတာ...

ဒါပဲ ထင်တယ်...!

အမုန်းဆုံးအလုပ်တစ်ခုကို...

မက်မက်မောမော ရင်ဆိုင်ရဦးမယ်...!

 ဝေလေလေနေ့စွဲတွေကြားမှာ...

ခပ်တွေတွေ လမ်းလျှောက်ဖြစ်ဦးမယ်...!

အသက်မပါတဲ့ ခံစားချက်နဲ့...

ဟန်လုပ်ပြီး ပြုံးပြရဦးမယ်...!

သူလိုကိုယ်လို အသိုင်းအဝိုင်းကြားမှာ...

 အသားတကျနေရာပြန်ယူရဦးမယ်...!

ရှိခဲ့တဲ့ အမှတ်တရတစ်ချို့ကို...

မမြင်ဟန်ဆောင် နှစ်သိမ့်ရဦးမယ်...!

နေ့စွဲတစ်ချို့ကို လက်ချိုးရေရင်း...

တစ်စဆီ ဆုတ်ဖြဲရဦးမယ်...!

မသေချာတဲ့ နာရီတစ်စုကို...

အခိုင်အမာပုံစံနဲ့ မျှော်လင့်ရဦးမယ်...!

 အေးစက်စက် အခြေအနေတစ်ရပ်မှာ...

 ရှင်သန်နေအောင် ကြိုးစားရဦးမယ်...!!!

No comments:

Post a Comment

ရိုင်းစိုင်းသော comment များမပေးရန်တောင်းဆိုပါသည်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ