အလွမ်းခရီးသည်ဘလော့ဆိုဒ်လေးမှကြိုဆိုပါတယ် လာလယ်တဲ့စာပေချစ်သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ် facebook link လေးကတော့ http://www.facebook.com/alwankhayeetal ပါ အလွမ်းခရီးသည်များနားခိုရာအဖွဲ့ ကိုလာလယ်ချင်ရင်တော့ https://www.facebook.com/groups/alwankhayeetalnarkoyar/ပါခင်ဗျာ
http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

MSN Icon Google Talk Icon Twitter Icon Facebook Chat Icon Bonjour Icon IRC IconAIM Icon MobileMe Icon MySpace IM Icon LJ Talk Icon StatusNet Icon Lotus Sametime Icon Novell Groupwise Icon Gadu-Gadu Icon

http://dl3.glitter-graphics.net/pub/772/772343f26mvps5xx.gif

★♥အလွမ်းခရီးသည်မှ| | |စာပေချစ်သူများကို| | |နွေထွေးစွာကြိုဆိုပါတယ်★♥

"အလွမ်းခရီးသည်"

Facebook စာမျက်နှာသို့ လာလယ်ရန်

"အလွမ်းခရီးသည်များနားခိုရာ"

အဖွဲ့ သို့ လာလယ်ရန်

Tuesday, July 29, 2014

မခွဲအတူ




ချစ်သူ ဆိုတဲ့ စကားလုံးလေးကို
ငါ့ရင် ဘက်ထဲမှာ ထွင်းထားတယ်

ငါတို့ အချစ် တွေကို
အချိန်တွေက သက်သေပြုပေးတယ်

ငါတို့  အလွမ်းတွေကို
ph call လေးတွေနဲ့ mess လေးတွေက
သက်သေပြုပေးတယ်

ငါတို့  အနမ်းလေးတွေကို
ကျီစယ်တတ်တဲ့ လေ ပြေ လေးတွေက
သက်သေပြုပေးတယ်

ငါတို့  သစ္စာတရားကို
မ ပြောင်းလဲခြင်းက သက်သေပြုပေးတယ်

ရက်မှ လ ... လမှ နှစ်
ရာသီစက်ဝန်းတွေ ကုန်ဆုံးလာတိုင်း
မပျက်စီးသော အချစ်
မယိုယွင်းသော မေတ္တာ
မ ဟောင်းနွမ်းသော အချစ်
မ ပြောင်းလဲသော သံယောဇဉ် တွေနဲ့ 
မခွဲအတူ ငါတို့  ချစ်ကြမယ် နော် ...ချစ်သူ 




ကောင်လေး အချစ်




လာမခူးမှတော့
ကိုယ်ဘာသာပဲ ကြွေပါတော့မယ်. . .
စွာတေးမလေး. . 

.ပြန် ခေါ်ပါ. . .

မာန မရှိတာမဟုတ်ပါဘူး. . .
နင့်အတွက်ဆို
မာန က (ကြို)ဒူးထောက်နေတာ. . .
အဲဒိလောက်ထိ မရက်စက်ပါနဲ့ဟာ
မချစ်တာလဲ မဟုတ်ပဲနဲ့. . .

မျက်နှာတင်းထားလဲ
ငပေါကြီး ဖြစ်ပါစေ
အတင်း(ရယ်စရာတွေ လုပ်ပြီး) လိုက်ချော့မှာပဲ. . .
မကိုင်လဲ
ခဏခဏ ဖုန်းခေါ်မှာပဲ. . .
reply မလုပ်လဲ
စာတွေ ပို့နေမှာပဲ. . .

မိုးနတ်မင်းကြီး ကယ်တော်မူပါ. . .
ဆူးလေ ဘိုးဘိုးကြီး ကယ်တော်မူပါ. . .
အမေ ပုပ္ပါးမယ်တော် ကယ်တော်မူပါ. . .
( ၃၁ ) ဘုံကို စောင့်ရှောက်ကြသော နတ်မင်းများ ကယ်တော်မူပါ....
(ကျွန်တော်မျိုးကို သနားရင်)
ဆူနေတဲ့ နှုတ်ခမ်းလေး
  ပြန်ပြီး ပြုံးသွားအောင်
အမြန်ဆုံး မစတော်မူလှည့်ပါ. . .

ကဲ. . .အရှုံးပေးပါတယ်နော်. . .
မကျေနပ်သေးဘူးဆို
  ရွှေဂုံတိုင် ဂုံးကျော် တံတားကြီးပေါ်မှာပါ
အရှုံးတွေ ချိတ်ဆွဲ ထားပေးမယ်. . .
စိတ်ပြေသွားရင်
internet connetion ကောင်းဖို့
တစ်ယောက်တည်း ဆန္ဒပြပေးမယ်. . .

မရက်စက်ပါနဲ့ဟာ. . .
ငါ နင့်ကို သိပ်ချစ်တာ နင်လဲအသိသားနဲ့. . .

  ကောင်လေးနေရာကနေ ခံစားပြီးရေးပေးထားတာပါ....
သယ်ရင်းတို့လည်း ဒီလို ခံစားချက်လေးတွေ ရှိမယ်ထင်ပါတယ် ....။

အမှားပါလျှင်လည်း ခွင့်လွှတ်ပေးကြပါနော် ...
လိုအပ်တာရှိလည်း ဖြည့်ရေးကြပေါ့နော် ....

အချစ်မှာ အရမ်းချစ်တတ်တဲ့သူက
ကိုတကယ်ချစ်တဲ့ ကောင်လေး ဖြစ်ဖြစ်  

 ကောင်မလေး ဖြစ်ဖြစ် ထားသွားမှာ 
အရမ်းစိုး၇ိမ်တတ်ကြပါတယ်...
ချစ်သူတိုင်း ပျော်ရွှင်ကြပါစေ ....




Friday, June 20, 2014

အချိန်



မိုးညို့ညို့တိမ်ဆိုင်တွေအောက်
ခြေရာပျောက် နေ့တွေရှိခဲ့သလို

နွေးထွေးတဲ့နေရောင်အောက်
လှပတဲ့ဘဝများလည်းရှိခဲ့သည်

အသင်
အဘယ်သို့သွားမည်နည်း
ဆိုသော
မေးခွန်းများစွာကို လစ်လျှူရှု့ကာ
ဆိုးမိုက်ခဲ့ဖူးသည်

သတိမထားမိသော
အချိန်များစွာက
နောင်တဆိုသောအသိတချို့အား
ပေးသနားကာ

ငါ့ဘဝအားယခုမှစ အသက်ရှင်သမျှထိလမ်းမှန်ကိုပြသစေခဲ့သည်
ထိုဟာလေးလိုချင်ရင်လာခဲ့ပါ