!-kp3နည်းပညာ-http:>
Thursday, August 29, 2013
(လူ့ ဘ၀)
*မြန်ဆန်လွန်းတဲ့အချိန်ရဲ့  အရှိန်ဟုန်တွေကြောင့်
ခုနှစ်သက္ကရာဇ်ရဲ့  အင်အားတွေ တဖြေးဖြေးနဲ့ 
ပြိုကျကုန်ဆုံးလာပြီ………………………….
*ဒီလိုနဲ့ …………..
ပြောင်းလဲခဲ့တဲ့ ရာသီဥတုတွေကြား
ငါဟာတဖြေးဖြေးနဲ့ အိုမင်းရင့်ရော်လာပြန်ပြီကော………
*‘ အတိတ်ဆိုတာကို မမှတ်မိ
ပစ္စုပ္ပန်ကို ခနထမ်းပြီး
မသေချာတော့တဲ့ငါ့အနာဂတ်အတွက်’*
တွေးရင်းကျောချမ်းနေလို့ မဖြစ်သေးဘူးလေ……….
(ငါဟာ)
မပြီးဆုံးသေးတဲ့မနက်ဖြန်များကို
ရောက်ဖို့ သေမင်းနဲ့ စစ်ဖြစ်ရဦးမယ်မဟုတ်လား……………………..
အမျိုးအစား
ရသ
Tuesday, August 6, 2013
(အမှားမကင်းတဲ့ ကံတရား)
စေတနာရင်မှာထားလို့ (သူ့ ကို)
ပြောသမျှစကား ဝေဒနာဖြစ်သွားရတာ နှမျောတယ်
(သူ့ ကြောင့်)
စိတ်ကူးသမျှကိုလဲ ရေစုန်မှာမျောလို့ 
ကြေကွဲသံစဉ်ညီညီနဲ့ မျော်လင့်ချက်ကမ်းဝေးခဲ့ဖူးတယ်
မဆိုရဲတဲ့သီချင်းတိုးတိုးလေး ဆိုညီးရင်း
မလွမ်းရဲ ဘဲ လွမ်းမိုးသဲခဲ့ရတဲ့
ဒီဘ၀ကိုဒီမှာသာကုန်ချင်တယ်..... .....
(ဟူးးးးးးးးးးးးးးးးးးးးးး)
အမှားမကင်းတဲ့ကံတရားရယ်.......
ကျနော့်အတွက်နှောင်ဘ၀ဆိုတာရှိသေးရင်တော့
ပဠိပခတွေအစား (သူမကို)
အမှန်တရားမျှတတဲ့
စေတနာစကားလေးများထပ်ပြောခွင့်ပြု့ ပါနော်
အမျိုးအစား
ကဗျာ
Subscribe to:
Posts (Atom)